Chapter 4

117 25 0
                                    


"အမ်... ကျွန်မ အခုဘယ်မှာလဲဟင်?" ဇီယွန်ရဲ့ စိုက်ကြည့်နေမှုကြောင့် အမီလီယာ ရှက်ကိုးရှက်ကန်းဖြစ်နေပြီး သူမရဲ့ ဖျော့တော့နေတဲ့အသားအရေလေးက ကြက်သွေးနီရောင် ပြောင်းသွား၏။

  သူမအသားအရောင်ပြောင်းသွားတာကို ဇီယွန်မြင်ပြီး၊ လူသားတွေက အရေပြားကာလာ ပြောင်းနိုင်တာလား? လူသားတွေရဲ့ လက္ခဏာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရလို့ ဇီယွန် သူ့ကိုယ်သူ ခေါင်းညိမ့်လိုက်သည်။

  "ဇာ့ဂ်ဖရေး၊ zergတွေရဲ့ ဂြိုလ်" ဇီယွန်ပြောလိုက်၏။

  အမီလီယာ မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီး၊ တွေးကြည့်ရင် ကလေးအဖေက သူမကို ကယ်ပေးခဲ့လို့ အခုဆို အတော်သက်သာရာရတယ်လို့ ခံစားရတယ်။ zergတွေကို ရွေးချယ်ဖို့ ကြံစည်ခဲ့တာ သူမမှန်သွားပြီ။ ဒါပေမဲ့... သတိတော့ထားရမယ်။ သူတို့တွေက မျိုးစိတ်မတူကြဘူး။ zergတွေက လူသားတွေကို အတော်လေး နာကြည်းနေကြတယ်လေ။

  iPadလိုဟာရဲ့ နည်းပညာနဲ့ မနှစ်က စစ်ပွဲကို သူမသိလိုက်ရတယ်၊ သူမဖတ်ခဲ့တဲ့ zergတွေက အရင်ခန္ဓာကိုယ်ပိုင်ရှင်ကို သတ်လိုက်တယ်ဆိုတာမျိုး။ ဒါမဲ့ ဖတ်ကြည့်ရုံနဲ့တင် ဒါကြီးက စောက်ကျိုးနည်းကြီးဆိုတာ သူမသိလိုက်တယ်။

  'လုပ်စမ်းပါ!!! ဒါကြီးက ဖန်တရာတေနေတဲ့ ဒရာမာကျနေတာပဲ... ဘယ်မျိုးစိတ်က လူသားတွေရဲ့ဂြိုလ်ပေါ်မှာ လူသားကို သတ်ရအောင် တုံးမှာတဲ့လဲ??? ငလူးတဲ့မှ!?'

  တု...

  'အာ ဘေဘီ! ဆောရီးပါ! ကလေးလေးက မာမီ့အတွေးတွေကို ကြားနိုင်တယ်ဆိုတာ မာမီက မေ့သွားလို့! ရိုင်းစိုင်းတာတွေ ပြောမိလို့ မာမီက တောင်းပန်တယ်နော်.. ကလေးလေး နောက်ဆုံးတော့ မာမီတို့ကို မင်းဒယ်ဒီက ကယ်လိုက်ပြီ.. ကလေးလေးပျော်လား?'

  ကလေးက ပုံမှန်ဆို သိပ်မလှုပ်ဘူးဆိုပေမယ့် သူမဗိုက်ထဲက အပူအအေးလေးကို ခံစားလို့ရတယ်။

  'ဝိုး ငါ့ဗိုက်က တော်တော်ပူလာတာပဲ.. သူတို့တွေ ငါ့ကို အာဟာရတွေ အများကြီး ပေးထားလို့များလား?'

  အမီလီယာပြုံးပြီး သူမဗိုက်လေးကို တယုတယပွတ်နေတာကို ဇီယွန်မြင်လိုက်တယ်။ အဲ့ဒီနောက် ကလေးကို ပြထားတဲ့ မော်နီတာကို ကြည့်လိုက်တော့ အမီလီယာ သူ့ကို ပို့ထားတုန်းကလို ပဲစေ့သေးသေးလေး မဟုတ်တော့ဘူး။ ရုပ်ပိုင်းဆိုင်ရာတွေ ပြည့်စုံလုနီးပါးဖြစ်နေပြီ။ အမီလီယာထိလိုက်တိုင်းလည်း ကလေးက လိုက်လှုပ်နေတယ်။

ငါ့ကလေးတွေရဲ့အဖေက ဂြိုလ်သားတဲ့(MM Translation)Where stories live. Discover now