Chapter 6

131 25 1
                                    

အမီလီယာ ရေချိုးခန်းနည်းပညာအသစ်ဖြင့် သူမကိုယ်သူမ ဆေးကြောခဲ့သည်။ အဲ့ဒါက တစ်ကိုယ်ရေသန့်ရှင်းမှု အာမခံမြင့်မားတဲ့ အလွန်လျင်မြန်တဲ့ ရေချိုးခန်းမျိုးဖြစ်သည်။ သူမ အရမ်းကြိုက်တယ်။ ဘာလို့ဆို သူမရဲ့ အရင်ကမ္ဘာမှာတုန်းက သူမအမုန်းဆုံးက ရေချိုးတာ ဒါမှမဟုတ် ရေစိမ်ရတာပဲ။ သူမက ပရိုဂရမ်မာတစ်ယောက်အနေနဲ့ ဘွဲ့ရခဲ့ပြီး သူမရဲ့ အသက်မွေးလမ်းကြောင်းလုပ်ငန်းမှာဆို စျေးအမြင့်ဆုံးပေးရတဲ့ သူတွေထဲက တစ်ယောက်ပေ။

  ပရိုဂရမ်မာတစ်ယောက်အနေနဲ့ သူတို့ရဲ့ ဘဝတွေက ကွန်ပြူတာတွေနဲ့ ချည်နှောင်ထားပြီး ကုဒ်တစ်ခု ဖန်တီးဖို့ သူတို့မှာ အာရုံစိုက်ရန် အချိန်ပိုတွေ လိုအပ်တယ်။ ဒါကြောင့်မို့ ရေချိုးနေရတာက သူတို့ရဲ့ အချိန်တွေကို ဖြုန်းတီးတဲ့ အရာတွေထဲက တစ်ခုပဲ။

  သူမကလေးတွေက ၂လပဲရှိသေးတယ်ဆိုပေမဲ့ သူမဗိုက်ကတော့ အတော့်ကို ဖောင်းကားနေသည်။ အဲ့ဒါက ဘာကြောင့်ဆို သူတို့ရဲ့ကြီးထွားမှုက ပုံမှန်ထက် နှစ်ဆမြန်နေတာကြောင့် သူမကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာက အခုဆို ၄လကျော်လောက် ရှိနေပြီမလို့ပင်။ ထို့အပြင် သူမဗိုက်ထဲမှာ ကလေးက သုံးယောက်လေ။ ထပ်ပြီးတော့? ကလေးက ဇာ့ဂ်လေ!

  ဒီနေ့က သူမနေတဲ့ နေရာတစ်ဝိုက်ကို လျှောက်ကြည့်တာ ပထမဆုံးအကြိမ်ပင်။ ပထမတော့ ဇာ့ဂ်ဖရေးကို သူမထင်တာ အရောင်နှင့် သဘာဝတရားတွေ ကင်းမဲ့နေလိမ့်မယ်လို့၊ ဒါပေမဲ့ အံ့သြဖို့ကောင်းစွာနဲ့ သစ်ပင်တွေ ပေါများနေပြီး ရွှေတွေ စိန်တွေနဲ့ လုပ်ထားတဲ့ နည်းပညာဒီဇိုင်းတွေက နေရာအနှံ့ပင်။

  "အံ့သြနေပုံပဲ" အမီလီယာရဲ့ အလည်အပတ်အတွက် အစောင့်အကြပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မာ့ဇ်သည် အမီလီယာ့ကို ခရီးသွားတစ်ယောက်လို အလေးအနက်ကြီး ဆက်ဆံနေသည်။

  မျက်လုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့် အမီလီယာ ခေါင်းသုံးခါညိမ့်ပြလိုက်၏။

  'ကလေးတို့! ပိုက်ဆံနဲ့ ပတ်သတ်လို့ မာမီတို့ စိတ်ပူနေစရာ မလိုတော့ဘူး.. မင်းတို့ ဒယ်ဒီက မဟားတရားကို ချမ်းသာချက်ပဲ! မာမီတို့ ကြိုက်သလောက် စားနိုင်ပြီ!!!'

ငါ့ကလေးတွေရဲ့အဖေက ဂြိုလ်သားတဲ့(MM Translation)Donde viven las historias. Descúbrelo ahora