6

418 88 3
                                    

Unicode 🍢🍢

လရောင်ရှိသော်လည်း မှောင်နေပြီး လေကလည်း ခပ်ပြင်းပြင်း တိုကလို့နေသည်။
လူသတ်သမားကြိုက် ညဖြစ်သည်။ အစိမ်းရောင်အုတ်ခဲများနှင့် မီးခိုးရောင်ကြွေပြားများကြားတွင် ထူးဆန်းသောပုံရိပ်အချို့သည် နမို့အနောက်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်တွင် လျင်မြန်စွာဖြတ်သွားကြကာ တစ်နေရာတွင် ရပ်တန့်သွားသည်။

ရွှေရောင်ကြောင်သည် ခေါင်မိုးပေါ်တွင်ထိုင်ကာ အရပ်ရပ်မှစုဝေးလာနေသော လေလွင့်ကြောင်တွေကို တိတ်တဆိတ်ကြည့်နေသည်။

"ဘော့စ်၊ ငါတို့ ဘယ်သွားကြမှာလဲ"
ရောင်စုံကြောင်ကြီးက  သူ့ရှေ့ရှိ အလျင်လိုနေသော ကြောင်နက်ကြီးအား မေးလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း!" ကြောင်နက်က ရောင်စုံကြောင်ကို ခြေထောက်နဲ့ကန်လိုက်ပြီး အိမ်ခေါင်မိုးပေါ်ကို အမြန်ခုန်တက်လိုက်တယ်။ ရွှေရောင်ကြောင်၏ ရှေ့သို့ရောက်သောအခါ သူ့ရဲ့ ရိုသေမှုကို ပြရန် အမြှီးကို အောက်သို့ကုပ်ရင်း ခေါင်းငုံ့လိုက်သည်။

ရွှေရောင်ကြောင်က သူ၏အမြီးကို လှုပ်ယမ်းလိုက်ရင်း "လောင်ဟေး၊ အခုတလော မင်း ဘယ်လိုနေလဲ"

"အရှင်ကျေးဇူးတော်ကြောင့် ကောင်းပါတယ်" ကြောင်နက်ကြီးသည် ခေါင်းညိတ်လိုက်သည်။ ၎င်း၏နောက်လိုက်များသည် အကြောင်းရင်းကို မသိသော်လည်း သူတို့သူဌေးနောက်သို့ လိုက်ကာ ခေါင်းညိတ်လိုက်ကြသည်။

"မနေ့ကပဲ မင်း မြို့အရှေ့ပိုင်းက ဝမ်ချိုင် ကိုက်သတ်တာ ခံလုနီးပါးဖြစ်နေခဲ့တာကို...."
တစ်ဖက်ရှိ နောက်လိုက်တစ်ဖွဲ့နဲ့ဖြစ်သည့် ရောင်စုံကြောင်လေးက အေးစက်စွာပြောသည်။

"အဲ့ဒါ မင်းအလုပ် မဟုတ်ဘူးကွ!" ကြောင်နက်ကြီးသည် ရုတ်တရက် စိတ်မချမ်းမသာ ဖြစ်သွားပြီး  ခြိမ်းခြောက် ကြိမ်းမောင်းလိုက်တယ်။ရောင်စုံကြောင်ကလည်း လွန်လွန်ကဲကဲ မရှုံးချင်၍ လည်ပင်းကိုမြှင့်ပြီး ပြန်တိုက်ဖို့ပြင်လိုက်သည်။

"တော်လောက်ပြီ!"
ရွှေရောင်ကြောင်သည် ခေါင်းကိုက်လာကာ အမြီးကို ခါလိုက်သည်။ ဒီလိုငတုံး တောင်ရွာကြောင်တွေနဲ့ တွဲနေတာဟာ သူ့ရဲ့ ထက်မြက်မှုကို လျော့ကျစေတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ ကြောင်တစ်ကောင်အဖြစ်နဲ့ ဒီပတ်ဝန်းကျင်မှာ အမိန့်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက ဒီကြောင်မျိုးစုံသောင်းပြောင်းရောနေတဲ့ စစ်တပ် ပါပဲ။

စားဖွယ်စုံနန်းတော်(mm translation)Where stories live. Discover now