Chapter 7

133 22 0
                                    

ရေသူမရွာ၌ ရွာ၏လျှို့ဝှက်ချက်များအပြင် အဖွဲ့တွင်းပုန်းခိုနေသော အိမ်တွင်းတစ္ဆေ သူလျှိုများ လဲရှိနေသေးသည်

အပြင်ဘက်ရှိ သစ်သားဆိုင်းဘုတ်များ အကျိုးပြုပုံအားသိရှိထားသူတစ်ဦးဦးက ထိုအရာအားဖြတ်တောက်ခဲ့တာဖြစ်မည်ဟု ခန့်မှန်းရမိသည် ကို မျှဝေဖွင့်ချသင့်ကြောင်းတွေးမိသည်  တစ်ဖက်တွင်လဲ သူမကပင် အခြားသူများထံမှ အချက်လက်စုဆောင်းလိုသည်

အိမ်တွင်းသူလျှိုအား ဖမ်းမိနိုင်ခဲ့လျှင် ပို၍ အကြောင်းရာအသေးစိတ်သိနိုင်မည်ကိုနားလည်သည်

သို့သော် သူလျှိုကို ဘယ်ကစလိုက်ရမလဲ

ထိုအချိန် ကုစန်းသည် တစ်စုံတစ်ခုအား တွေးတောမိ၍ တည်ငြိမ်စွာဖြင့်ပြောသည်

"ငါ သစ်သားဆိုင်ဘုတ်ကိစ္စ ကို အခြားသူတွေနဲ့ သတင်းမျှဝေဖို့တွေးနေတယ် ဒါပေမဲ့ဂိမ်းရှင်းဖူးထားတဲ့ လူဟောင်းတွေကိုပဲ ပြောဖို့စဥ်းစားထားတယ်"

ကုစန်း က လူရွေးချယ်ပြောတဲ့အကြောင်းအား အသေးစိတ်မရှင်းပြသော်လဲ သူမနားလည်ထားသည် လူဟောင်းကစားသမားများက လူသစ်များထက် အတွေ့အကြုံပိုများ၍ သတင်းအချက်လက်ပိုစုံလင်လေ့ရှိကြသည်

ကစားသမား လူ၁၃ယောက်တွင် ချင်ယုနှင့်ကော်လံဖြူ အမျိုးသမီးသည် ဂိမ်းသုံးကြိမ် ရှင်းလင်းထားတာကြောင့် လုပ်သက်အရင့်ဆုံးဖြစ်သည်

ပိုင်ယွမ်က ခနမျှစဥ်းစား၍

ချင်ယုကိုပဲပြောလိုက်ပါလား

"မင်းက ဟိုမိန်းမကိုပြောပြစေချင်တယ်ထင်ထားတာပိုကြင်နာတဲ့ပုံပဲ မဟုတ်လား"

ပိုင်ယွမ်က လက်နှစ်ဖက်အား မတက်နိုင်ဘူးလေ ဆိုတဲ့ဟန် လုပ်ပြ၍

ငါအဲ့လောက်မတုံးဘူး ဟု၍သာ ပြောလိုက်သည်

သူမသည် ပီးခဲ့သည့်နှစ်များအတွင်းလူမှုဆက်ဆံရေးတွင် အချည်းနှီးတော့မဖြစ်ခဲ့

ငိုရုံသာငိုနေတက်တဲ့သူမရဲ့ပုံသဏန်အား ထိုကဲ့သိုကြင်နာပြနေသည့်လူကို သူမ အယုံအကြည်မရှိပေ

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now