Chapter 10

127 27 0
                                    

အချိန်တိုအတွင်း များပြားလှသော အဖြစ်အပျက်များနှင့် ကြုံတွေခဲ့ရတာကြောင့် ပိုင်ယွမ်မှာ အတွေးဗလပွဖြင့်ပင်ပန်းနေတော့သည်

သူမသည် အကျီအိပ်ကပ် အပြင်ဘက်အလွာကိုထိ၍ ခေါင်းလောင်းတည်ရှိမှုကို စစ်ဆေးလိုက်သည်

၎င်းမှ လာတဲ့ အပူချိန်သည် နွေးထွေးနေ၍ မိမိပတ်ဝန်းကျင်ရှိရေများပင် နွေးလာသကဲ့သို့ခံစားလိုက်ရသည်

အဆုံးတွင် သူမသည် ကွေးကောက်နေ၍ အေးစက်စက်ရေအေးထဲတွင်သာ အိပ်ပျော်သွားတော့သည်

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ပိုင်ယွမ်သည် မျက်စိကျိန်းစေသောအလင်းစူးစူးကြောင့် နိုးသွားရသည်

သူမမျက်ခွံများကိုပင့်ကြည့်၍ ပတ်ဝန်းကျင်ကို အကဲခက်လိုက်တဲ့အခါ အာရုံတက်ချိန်ပင်ကျော်သွားပီဖြစ်သည်

အကွာအဝေးတစ်နေရာရှိ ပြတင်းပေါက် တစ်လျောက်သို့ နေအလင်းရောင် ဖြာကျနေလျက် လက်ရှိနေရာ၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်

မြေညီထပ်နှင့်အလားသဏ္ဍန်တူကာ သူမဝင်နေသည့်ရေကန်အပါအဝင် အထဲတွင် ရေကန်၃ခုရှိနေသည်ကိုတွေ့ရသည်

ရေကန်ထဲက တစ်ခုတွင် ခုနှစ် နှစ် ရှစ်နှစ်ခန့် မိန်းကလေး ငယ်တယောက်ရှိနေပီး သူမမျက်နှာအမူရာသည် ကြောင်အလျက် ခံစားချက်မရှိသကဲ့သို့ ငြိမ်သက်နေသည်

ပိုင်ယွမ် အနီးနားသို့ကပ်ကြည့်လိုက်ရာ ကလေးမရဲ့အောက်ပိုင်းတွင်ခြေထောက်မရှိနေပဲ ငါးအမြီးနဲ့ ငါးအကြေးခွံများက ဖုံးအုပ်နေသည် သို့သော် ရုပ်ရှင်တွေ ရုပ်သံများက ဖော်ပြသလို လှပမှုမျိုးတော့ရှိမနေခဲ့ပေ

ခန့်မှန်းကြည့် လို့ရနိုင်သည် ဤ​ နေရာသည် ရွာသားများလှောင်ဖမ်းထားသော ရေသူမငများထားသည့် ထောင် သာဖြစ်လေသည်

ဟိုရေသူမငယ် မိမိအား အာရုံပေးမပေးကို အတည်ပြုပီမှ ​ညင်သာစွာအနည်းငယ် လှုပ်ရှားကြည့်လျက် ဤနေရာမှ လစ်ထွက်နိုင်မည့်နည်းလမ်းအား စတင်စဥ်းစားတော့သည်

သူမ ရေကန်ထဲက ထွက်လာပီး ဂရုတစိုက်မက်တပ်ရပ်ကာ တံခါးဆီသို့ပြေးသွားလိုက်သည် တံခါးမရောက်ခင်တွင် လှေကားထစ်အနည်းငယ်ရှိနေရာ ေခြသံလုံစွာ တက်၍ တံခါးအား အသံမထွက်အောင် ဖွင့်ကြည့်သည် သော့ခက်ထားသည်ကိုတွေ့ရသည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Nơi câu chuyện tồn tại. Hãy khám phá bây giờ