Chapter 8

125 17 0
                                    

"ဟုတ်ပီလေ "

ကုစန်းသည် ပိုင်ယွမ်​ပြောစကားအား မ​မျှော်လင့်ထားပုံ မရဟန် ဖြင့် မျက်ခုံးများတွန့်ချိုးသွားသော်လဲ တစ်ခွန်းမှ မပြောလာပေ ချက်ချင်းခေါင်းညိတ်၍ သူမစကားအား သဘောတူလေသည်

သူနှင့် ပိုင်ယွမ်သည် တစ်ဦးက နှင့် တစ်ဦးနေရာ အသီးသီးခွဲ၍ စံုစမ်းမည်ဖြစ်သည်

သဘောတူညီမှုအပီး ညစာကိုလက်စသက်၍ ချင်ယုအဖွဲ့ငှားရမ်းထားသော ပိုင်ယွမ် တစ်ဦးထဲ အိမ်သို့လမ်းလျှောက်သွားလိုက်သည်

အ​ဆောင်ချိတ်ထားသော အိမ်အနီးနား တွင်အလွန်ကြီးမားသော ကောက်ရိုးပုံရှိလေသည်
ထိုနေရာ၌တစ်နာရီခွဲခန့် စောင့်ဆိုင်းနေပီးနောက် ကောင်းကင်သည်လဲ တဖြည်းဖြည်း အမှောင်အတိကျလာခဲ့သည်

မဝေးလှသော ပတ်ဝန်းကျင်အိမ်များမှပင် မီးအလင်းရောင်မြင်လာရ၍ ရာသီဥတု အပူချိန်သည်လဲ ကျဆင်းလာခဲ့သည်

ပိုင်ယွမ်သည် သေးကွေးသောခန္ခာပိုင်ရှင်ဖြစ်တာကြောင့် ထိုကောက်ရိုးပုံနောက် ပုန်းအောင်းနေသည်ကို မြင်ရရန်ခက်ခဲသည်

သူမသည် ထိုနေရာတွင် ငြီးငွေ့ပျင်းရိစွာ ထိုင်ချလျက် မိမိကိုယ် ကို ခြင် အစာကျွေးနေလိုက်သည် အတွေးမျိုးစုံခုန်ပေါက်နေလျက်စိတ်ကူးဖြင့်လေ လွင့်နေတော့သည်

ကုစန်းသည် ချင်ယုတို့၏နေရာအားရွှေ့ပြောင်းဖို့ အကြံပေးခဲ့သော်လဲ မိမိတို့ကိုယ်ပိုင်နေရာကိုအား ရွှေ့ပြောင်းနေဖို့ဆန္ဒရှိသည်ကိုမထင်မှတ်ခဲ့ပါ

ကုစန်းသည် အဆောင်မရှိသည့်အိမ်ထဲတွင် ငုတ်တုတ်ထိုင်စောင့်၍ ရေသူမအားဖမ်းဆီးဖို့ ဆန္ဒရှိလောက်သည် ဟု ခန့်မှန်းမိသည်

ထိုထပ် ရေသူမသည် စကားပြောဆိုနိုင်သည်

ရေသူမနှင့်သာ ဆက်သွယ်ပြောဆိုနိုင်လျှင်တစ်ခုတလေ သတင်းအချက်လတ်ရနိုင်လိမ့်မည် မိမိလက်ထဲတွင် ခေါင်းလောင်းကို လက်ဝယ်ရှိနှင့်ပီသားဖြစ်၍ အသက်အန္တရာယ် ကို စိုးရိမ်စရာမလိုပေ

ပိုင်ယွမ်က စဥ်စားကာ သက်ပင်းချ၍ အဲ့ဒီ ကုစန်းသည်တကယ်ပဲရဲတင်းလွန်းသည် သူမသာဆိုလျင် လက်ထဲ ခေါင်းလောင်းရှိနေရင်တောင် ထိုကဲ့သို လက်ဗလာနဲ့ အခန်းထဲထိုင်စောင့်နေတာက စွန့်စားလွန်းရာကျသည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now