Chapter 12

180 31 5
                                    

ကုစန်း ရဲ့ စကားကြောင့် ပိုင်ယွမ် မှာ တောင့်တင်းသွားရသည်

နေပါဦး.. သူက ဘယ်လိုသိသွားတာလဲ? ..

" မဟုတ်တာ.. ကုစန်း ရှင် ဘယ်ပျောက်နေတာလဲ? "

ပိုင်ယွမ် မှာ အတင်းဖျစ်ညစ်ပြုံးပြ၍

" အိုးး ...မနေ့ညက အရမ်းအန္တရာယ်များသွားခဲ့တာ ရှင် သိရဲ့လား..သူလျှို က ဝိန်ဝမ်ဝမ် ဖြစ်နေခဲ့တာ ပီးတော့ ငါ ရေသူမနဲ့အတူ ရှိနေခဲ့တာ..."

"..သက်ညှာ​ ပေးနေတုန်း ဝန်ခံပါ အတင်းကြပ် ဆင်ခြေ ပေးနေတယ်ပေါ့ "

"တောင်းပန်ပါတယ် ငါမှားတာပါ"

ကုစန်းရဲ့ အကြည့်ကို မခံစားနိုင်တော့ဘဲ ပိုင်ယွမ် မှာ သူမ ရဲ့ ရာဇဝတ်မှုအား ဝန်ခံလိုက်ရသည်

"သူ့တို့ရဲ့ ယုံကြည်မှုကိုရဖို့ သနားစရာ ပုံပြင်က လွဲပီး ငါမတွေးမိလို့ပါ "

မြေအောက် ခန်း မှာ ပိတ်မိနေခဲ့စဥ် က ဝိန်ဝမ်ဝမ် ရဲ့ လူသတ်ချင်စိတ်ကို ခုခံနိုင်ဖို့ ထိုကဲ့သို့ ကြံဖန်လိုက်ရခြင်းက သူမကိုယ် သူမ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်

"ဇာတ်လမ်းတွေ ဖန်တီးတာ ပြဿနာ မဟုတ်ပါဘူး ဒါပေမဲ့ မလိုအပ်ဘဲ ငါ့အကြောင်း ကို ဆန်ကုန်မြေ လေး ပုံစံ ပြောင်းလိုက်တာ ​ေတာ့ပြဿနာရှိတယ်"

ကုစန်းက မေးကို ငေါ့၍ မျက်လုံး တွေကိုအောက်စိုက်၍ ပိုင်ယွမ် အား အေးစက်စွာ ကြည့်နေတဲ့ပုံစံက အလိုမကျဖြစ်နေသည်

" နောက်တစ်ကြိမ် မင်းရဲ့ ပုံပြင်တွေမှာ ငါ့ကိုဆွဲမထည့်နဲ့ ဟုတ်ပီလား.."

ပိုင်ယွမ် "..."

ပိုင်ယွမ် "..အာ ဒါပေါ့.."

ထိုအချိန် တုန်းက သူမ ဟာ ဝိန်ဝမ်ဝမ် ကို အလွန်ပင် အနိုင်လိုချင်ခဲ့မိသည်

သို့သော် သူမရဲ့ ဗီဇ အရ ထိုသို့သာ လုပ်ခဲ့ပါက ဇာတ်လမ်းပြတ်တောက်ကာ ကိစ္စတုံးသွားနိုင် ချေရှိသည်

ဤလူချောရဲ့ ပေါင်ကို အမှန်တကယ် မသုံးမချ ချင်ခဲ့ပေမဲ့ အချိန်တိုအတွင်း ထိုထပ်ကောင်းသော အကြောင်းပြချက် မ​တွေးနိုင် ခဲ့တာကြောင့်ဖြစ်သည်

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now