5

36 7 0
                                    

Chapter 5
မင်းငါတို့အတွက်အနစ်နာခံပေးလို့ရမလား

ရုန်ယီ အိမ်အပြန်လမ်းတစ်လျှောက်ကိုပြေးလာခဲ့သည်။ သူသည်တံခါးမဖွင့်ခင်သော့တံကို သော့ပေါက်ထဲအကြိမ်ပေါင်းများသွင်းခဲ့သည်။ သူ့ဖိနပ်ကိုပစ်ချခဲ့ပြီး အခန်းထဲကိုချက်ချင်းအလောတကြီးဝင်လာသည်၊ ကုတ်အကျႌကိုပင်မချွတ်ဘဲ အိပ်ရာပေါ် ခုန်တက်သည်။ ခေါင်းအုံးထဲတွင်မျက်နှာကိုနှစ်ကာ အိပ်ရာကိုလက်သီးဖြင့်တဒုန်းဒုန်းထုနေပြီး အရူးတစ်ယောက်နှယ်ရယ်နေသည်။

မိနစ်အနည်းငယ်ကြာသည်အထိ ထိုအတိုင်းဖြစ်နေပြီး သူ့စိတ်ကိုပုံမှန်အခြေအနေရောက်အောင်ပြန်ထိန်းနိုင်ခဲ့သည်။ အချိန်ကိုက်ပင် သူ့အိတ်ကပ်ထဲမှဖုန်းကအသံမြည်လာသည်။

သူ၏ချစ်သူကောင်လေးအသစ်စက်စက်က မက်ဆေ့ချ်တစ်စောင်ပို့လာသည်။

"ကိုယ်မင်းကိုနှုတ်ဆက်ဖို့မေ့သွားတယ်...စောစောအိပ်နော်"

ရုန်ယီ ဖုန်းကိုကြည့်ကာတခစ်ခစ်ရယ်နေသည်။

ထို့နောက် ဖုန်းကိုပြန်ချကာအိပ်ရာပေါ်တွင်တခစ်ခစ်ရယ်ပြီးထပ်လှိမ့်နေပြန်သည်။

လောကကြီးကအလွန် အံ့ဩဖွယ်ကောင်းနေသည်။ သူ့ဘဝကအလွန်လှပနေသည်။

သူ့မျက်နှာကိုအုပ်ထားစဉ်တွင် သူသည်ချန်းခယ့်ယောင်အနံ့ကိုရနေသည့်အလားထင်ယောင်ထင်မှားဖြစ်နေသည်။

ယခုခေတ်တွင် ဖယ်ရိုမုန်းထိန်းချုပ်ဆေးများကိုကာလရှည်ထိုးနှံ၍ရသည်။ လူပျိုတစ်ယောက်အနေဖြင့် ရုန်ယီသည် Alpha တစ်ယောက်၏မည်သည့်ဖယ်ရိုမုန်းအနံကိုမဆိုရနိုင်နေခြင်းမှာ ကြုံတောင့်ကြုံခဲပင်။ ချန်းခယ့်ယောင်၏ ဖယ်ရိုမုန်းအနံကအလွန်နည်းသော်ငြား ရုန်ယီအပေါ်သက်ရောက်နေသေးသည်။

သို့ထိတိုင် သူ၏အထူးအဆင့်အကြောင်းအရင်းက ဖယ်ရိုမုန်းအနည်းငယ်လေးကြောင့်ပင်မဟုတ်မှန်းယုံကြည်သည်။

သူ့ပျော်ရွှင်မှုက နှလုံးသားအောက်ခြေမှဖြစ်သည်။

ချန်းခယ့်ယောင်ကသူ့ကိုတကယ်ချစ်နေသည်။ ထို့ကြောင့်ပင် ချန်းခယ့်ယောင်ကိုယ်က သတိရှိနေလျက်နှင့်ပင်ထိုသို့သောအနံ့မျိုးကိုထုတ်နိုင်ခဲ့သည်။ Alpha တစ်ယောက်ကသူ့ဘဝ၏အချစ်ကိုတွေ့သည့်အချိန်မှထိုအတိုင်းဖြစ်လာတတ်သည်။ အသိတရားနှင့်ထိန်းချုပ်မရသည့်ဗီဇနှင့်ပိုမိုဆင်တူသည်။

မစ်စတာရုံWhere stories live. Discover now