အခန်း၃။ အကဲဖြတ်မှုအတွက် စိတ်ပူရခြင်း

400 21 0
                                    

အခန်း၃။ အကဲဖြတ်မှုအတွက် စိတ်ပူရခြင်း

ကျောက်ယွမ်သည် ဉာဏ်အလင်းပွင့်မှုအခြေအနေထဲ ကျရောက်‌ခဲ့ပြီး ထိုထဲ၌ နစ်မြောနေခဲ့သည်။ သူသည် မသိလိုက်ဘဲ သူ့ဘေးနားရှိ စိတ်ဝိညာဉ်ချီများကို ဆက်တိုက်စုပ်ယူနေခဲ့၏။

ယခုအချိန်၌ သူ၏မရီဒျန်ထဲတွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နေတော့သည်။ သို့ပေမယ့်လည်း သူသည် မမောမပန်းဘဲ ဆက်တိုက်စုပ်ယူနေခဲ့သည်။ သူသည် ချီများကို အဆုံးမရှိ စုပ်ယူနိုင်နေသည့်အလားပင်။

သူ၏မရီဒျန်သည် များစွာစုပ်ယူထားတာကြောင့် ချီများဖြင့် ပြည့်ဝနေပြီး ပို၍ကြီးလာလေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်..

ဘန်း... ဘန်း...

"ငါချိုးဖောက်သွားပြီ ချီကျင့်ကြံခြင်း ဒုတိယအဆင့်ကို ရောက်သွားပြီ"

ကျောက်ယွမ်သည် ကျင့်ကြံခြင်းထဲကိုအာရုံရောက်နေခိုက် သူ့ခန္ဓာကိုယ်မှ မသဲမကွဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခဏကြာပြီးနောက် သူ့မရီဒျန်သည် လေထည့်ထားသည့် ပူဖောင်းတစ်ခုလို ပြန့်ကားလာသည်ကို သူခံစားမိလိုက်၏။

ခဏလေးအတွင်းမှာပင် သူတို့သည် နဂိုအရွယ်အစားထက် နှစ်ဆဖြစ်လာခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်ချီများကို ရူးသွပ်စွာ စုပ်ယူတော့လေသည်။

မူလက သူ့အနားတွင် လှည့်ပတ်နေသည့် ချီများသည်လည်း ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြလေတော့သည်။ ထိုအခိုက် သူ့ဘေးနားရှိ စိတ်ဝိညာဉ်ချီများ လျင်မြန်စွာ စုပ်ယူနေမှုကြောင့် အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ကျောက်ယွမ်သည် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိပြီး သူ့မျက်လုံးတို့မှာလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာတော့သည်။

"ဆယ့်ငါးမိနစ်လောက်ထဲနဲ့ အဆင့်ချိုးဖြတ်သွားနိုင်မယ်လို့ ထင်မထားဘူး။ "

ယခု သူသည် ချီကျင့်ကြံခြင်းဒုတိယအဆင့်ကိုရောက်ပြီဆိုသည်ကို မယုံနိုင်သေးပေ။ တစ်နှစ်ပတ်လုံးလုံး ကြိုးစားကျင့်ကြံခဲ့သည်ပင် သူမရောက်ခဲ့သည့် အဆင့်ဖြစ်သည်။ ယခုမူ ဆယ့်ငါးမိနစ်လောက် ကျင့်ကြံရုံနှင့် တစ်နှစ်လုံးလုံးကြိုးစားခဲ့သည့်ထက် ရလဒ်မှာ ပိုကောင်းနေသည်။ *ဒါကြီးက တကယ့်ကို ထူးဆန်းလွန်းတယ်*

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)Where stories live. Discover now