အခန်း ၁၈။ သူတကယ်အောင်မြင်တော့မှာ

523 27 1
                                    

ဆေးမီးဖိုမှ အပူငွေ့များထွက်လာပြီးသည့်နောက် လူတိုင်းသည် မီးဖိုဆီသို့ကြည့်လိုက်ကြသည်။

သူတို့၏ မျက်နှာထက်တွင်တော့ မယုံကြည်နိုင်မှုများနှင့်။

ကျောက်ယွမ်မှာ အမှန်တကယ်အောင်မြင်တော့မည်။

သူတို့သည် သူ၏ ကြမ်းတမ်းတဲ့ ဆေးဖော်ခြင်းနည်းလမ်းက ဆေးလုံးများ အမှန်တကယ်ဖော်စပ်နိုင်လိမ့်နည်ဟု မထင်ခဲ့ကြချေ။ အကုန်လုံး နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။

မဟာအကြီးအကဲမှာလည်း စိတ်ရှုပ်ထွေးသွာသော်ငြား သူကထိုကိစ္စနှင့်ပတ်သတ်၍ အများကြီးမစဉ်းစားချေ။

ဤသည်က ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို ဖော်စပ်ရန် နည်းလမ်းမှန်လည်းဖြစ်နိုင်သည်။

သူ၏ ဂရုတစိုက်ပြုလုပ်နေသော နည်းလမ်းမှာ မှားယွင်းနေသည်လည်းဖြစ်နိုင်သည်။

သူကခေါင်းခါလိုက်ပြီး ဆေးမီးဖိုပေါ်တွင်သာ အာရုံထားလိုက်သည်။

တစ်ခြားသောဆေးလုံးများသည် ဆေးနံ့များ ထုတ်လွှင့်လေ့ရှိသော်လည်း ထိုအရာမှာ ဆေးစွမ်းအင်ဆုံးရှုံးရခြင်းသာဖြစ်လေသည်။

ထုတ်လွှင့်နေသော ဆေးရနံ့ကြောင့် ဆေးလုံးများ၏ ဆေးစွမ်းအင်မှာ အချိန်တစ်ခုကြာလျှင် လျော့နည်းသွားလေ့ရှိသည်။

တစ်ခြားတစ်ဖက်တွင်မူ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို ဖော်စပ်ရန်နည်းလမ်းမှာ တစ်ခြားဆေးလုံးများဖော်စပ်ရသည်နှင့် မတူညီပေ။ သက်ရောက်မှုများမှာလည်း မိုး‌နှင့်မြေအလားပင်။

ပြီးပြည့်စုံခြင်းဆေးလုံးများ၏ သဘာဝအရ ဆေးစွမ်းအင်များသည် လုံးဝယုတ်လျော့ပဲ တည်ရှိလေသည်။

ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများကို ခွဲခြားရန် နည်းလမ်းများစွာရှိလေသည်။

ပထမတစ်ခုမှာ အနံ့ခံကြည့်ရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာတော့ အရောင်နှင့် ပုံသဏ္ဍန်ဖြစ်သည်။ တတိယတစ်ခုမှ ထိုဆေးလုံး၏ ဆေးစွမ်းအင်များကို စမ်းသပ်ရန်ဖြစ်သည်။

မီးအရှိန်တစ်ခုထွက်လာပြီးနောက် ဆေးမီးဖိုထဲ ‌မီးတောက်မှာ ငြိမ်းသက်သွားသည်။

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)Where stories live. Discover now