အခန်း ၁၄။ တကယ်ကြီး ဂိုဏ်းခေါင်းဆောင်ပဲ

314 15 0
                                    

အခန်း ၁၄။ တကယ်ကြီး ဂိုဏ်းခေါင်းဆောင်ပဲ

"ဒီဆေးလုံးတွေကို ဘယ်ကရလာတာလဲ"
အကြီးအကဲယောင်ချန်းက ကျောက်ယွမ်ကို စိုက်ကြည့်ပြီး တင်းမာနေသောလေသံဖြင့် စစ်မေးလိုက်သည်။

ကျောက်ယွမ်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ဤဆေးလုံးတွေက သူသန့်စင်ထားခြင်းသာဖြစ်လေသည်။

တစ်ခြားဘယ်ကရလာနိုင်လိမ့်မည်နည်း။

ဂိုဏ်းထဲမှာ ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ဆေးလုံးဖော်စပ်နိုင်သည့်သူ မရှိခဲ့သလော။

သူ့အနေနှင့် ဆေးလုံးများကို သူဖော်စပ်ထားမှန်း အကြိမ်ကြိမ်ပြောခဲ့လေသည်။

အဘယ့်ကြောင့် ဘယ်သူကမှ မယုံကြည်သနည်း။

"ဆေးအကြီးအကဲ အဲ့ဆေးလုံးတွေက ကျွန်တော်သန့်စင်ထားတာပါ။"

ကျောက်ယွမ်အနေနှင့် ထပ်ပြောရုံမှတစ်ပါး မည်သို့မျှမလုပ်နိုင်ချေ။

သို့သော်ငြား သူပြောပြီးသည့်နောက်တွင် အကြီးအကဲယောင်ချန်းက စတင်ကြိမ်းမောင်းတော့လေသည်။

"ရူးနေတာလား တစ်ခါတည်းမင်းကငါ့အဖေလို့သာပြောလိုက်ပါလား"

"ဆေးပညာဆိုတာ ကျင့်ကြံခြင်းနဲ့မတူဘူးကွ။ နေ့ချင်းညချင်းအောင်မြင်နိုင်တာမဟုတ်ဘူး။"

"မင်းက ဘယ်လိုလုပ် ဒီပြီးပြည့်စုံခြင်းအဆင့်ဆေးပြားတွေလုပ်နိုင်ရမှာလဲ"

ဘယ်အချိန်ကစ၍ ဆေးပညာက ဤမျှလွယ်ကူသွားသနည်း။

အကယ်၍ အခုလို ကြုံရာအပြင်စည်းတပည့်တစ်ယောက်သည်ပင် ပထမဆုံးအကြိမ်မှာတင် ပြီးပြည့်စုံခြင်းအဆင့်ရှိလေသော ဆေးလုံးဖော်စပ်နိုင်သည် ဆိုပါက သူ ယောင်ချန်းမှာ သူ့ဘဝတစ်ခုလုံး အချိန်ဖြုန်းနေခဲ့ခြင်းပေလော။

အကြီးအကဲယောင်ချန်း၏ကြိမ်းမောင်းတဲ့အသံတွေသည် အဂ္ဂိရက်ခန်းမတစ်ခုလုံး၌ ကြားနေရလေသည်။ သူ့ပါးစပ်မှ တံတွေးတို့မှာလည်း နေရာအနှံ့ပင်။ ကျောက်ယွမ်က သူ့အားစဉ်လာမည်ကို စိုးရိမ်‌သောကြောင့် နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)Where stories live. Discover now