အခန်း ၁၃။ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ

293 17 0
                                    

အခန်း ၁၃။ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ

"မဖြစ်နိုင်ဘူး"

"ဒါက မဖြစ်နိုင်ဘူး"

ချင်ရှုသည် ကျောက်ယွမ်၏လက်ထဲက ဆေးလုံးများကိုကြည့်ပြီး မယုံနိုင်ဘဲ သူ့မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက် သူသည် သူ့ပုံရိပ်ကိုတောင် ဂရုမစိုက်‌နိုင်တော့ဘဲ အော်ဟစ်‌လိုက်တော့သည်။

သူအော်ဟစ်နေသည်ကို အပြစ်တင်၍လည်းမရချေ။ ဖြစ်ပျက်နေသည်က သူ့အတွက် တုန်လှုပ်စေရန် လုံလောက်ပေသည်။

သူ့ကမ္ဘာကြီး ပြိုလဲသွားသလိုပင်။

ချင်ရှုမျက်နှာမှာ တောင့်တင်းသွားလေသည်။ သူ၏နှလုံးမှာလည်း ထိန်းမရအောင်ပင် ခုန်နေသည်။

သူ့အနေနှင့် မည်သို့ယုံကြည်ရမည်နည်း။

မည်သူကရော ယုံနိုင်မည်နည်။

ယုံရော ယုံကြည်ရဲကြမည်လော။

ချင်ရှုကလည်း ရှိနေသည့်လူတိုင်း ထိုသို့တွေးကြမည်ကို သိလေသည်။

ကျောက်ယွမ်သည် ပြီးပြည့်စုံအဆင့်ဆေးလုံးများကို သန့်စင်ခဲ့သည်။

အကယ်၍များ ဤသတင်းကိုသာ တစ်ယောက်ယောက်အား သူတို့ပြောလိုက်ပါက သူတို့ကို အရူးလို့ပင် ထင်သွားနိုင်သည်။

ဆေးပညာဟာ ကျင့်ကြံခြင်းနဲ့မတူပေ။

ဆေးပညာမှာလည်း ပါရမီကအရေးကြီးသော်ငြား လေ့ကျင့်မှုများနှင့် လွဲချော်မှုများအတွက် အရင်းအမြစ်အမြောက်အမြားလိုအပ်လေသည်။

ထို့အပြင် ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှုရှိလျှင်ပင် ဆေး‌ဆရာ‌တစ်ယောက်သည် အတွေ့အကြုံများကို တဖြည်းဖြည်းစုဆောင်းပြီးမှသာ ဆေးလုံးများကိုဖော်စပ်နိုင်လိမ့်မည်ဖြစ်သည်။

ဂိုဏ်းက လူများစွာ အရင်းအမြစ်များစွာကို အသုံးပြုကာ ဆေးဆရာများကို လေ့ကျင့်ပေးရန် ကြိုးစားရပေလိမ့်မည်။ ဤသည်က ဆေးဆရာတစ်ယောက်ဖြစ်ရန် လိုအပ်သည့်အရာများထဲမှာ ထိပ်ဆုံးကဖြစ်သည်။

ထို့အပြင် သူတို့အနေနှင့် လေ့ကျင့်ထားသော ဆေးဆရာများက ဖော်စပ်လိုက်သော ဆေးလုံးများအပေါ် အာမခံနိုင်စွမ်းမရှိပေ။
သူတို့က အဆင့်တစ်ဆေးလုံးများဖော်စပ်ရာတွင်ပင် ကျရှုံးနိုင်လေသည်။

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)Where stories live. Discover now