အခန်း၁၅။ အဂ္ဂိရက်ခန်းမ

331 14 1
                                    

အခန်း၁၅။ အဂ္ဂိရက်ခန်းမ

စိတ်ဝိညာဉ်တောင်ကြား၏ အဂ္ဂိရက်ခန်းမတွင် လင်းချင်းယွမ်သည် လူအုပ်ကြီးအာ့ ဆေးဖော်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွား‌သည်။

ဤဆေးဖော်ခန်း၏တံခါးမှာ ကျောက်ယွမ်ငှားရမ်းခဲ့သည့် ဆေးဖော်ခန်းကထက် ပိုမိုကြီးမားလေသည်။

တံခါး၏ညာဘက်တွင် "ဆေးဖော်ခန်း အမှတ်(၁) "ဟု ရေးသားထားသော သစ်သားဆိုင်းဘုတ်တစ်ခုရှိနေသည်။ ကျောက်ယွမ်မှာ သစ်သားဆိုင်းဘုတ်အားမြင်ပြီးနောက် သူဆေးဖော်ခန်းငှားရမ်းစဉ်က သတိထားမိခဲ့သော အရာတစ်ခုအား သတိရသွားခဲ့သည်။ ဆေးဖော်ခန်းများသည် အမှတ်စဉ် (၂)က စတင်လေသည်။

ထိုအချိန်တုန်းက ကျောက်ယွမ်သည် အဘယ့်ကြောင့် ဆေးဖေိာခန်း အမှတ်(၁)မရှိရသနည်းဟု တွေးတောနေခဲ့သည်။

သူသည် ဤနေရာ၌ ရှိနေလိမ့်မည်မထင်ခဲ့ပေ။ ဤအခန်းက ထူးခြားသည့်ပုံပင်။

"ကျောက်ယွမ် မင်းဒီဆေးဖော်ခန်းရဲ့ အကြောင်းကိုသိလား"

လင်းချင်းယွမ်သည် ကျောက်ယွမ်ကိုကြည့်မနေဘဲ သူ့မျက်လုံးများက ဆေးဖော်ခန်းပေါ်တွက်သာ ရှိနေပြီး နာကျင်မှုအရိပ်အယောင်တို့ ထွက်ပေါ်နေလေသည်။

ကျောက်ယွမ်က မသိလေသောကြောင့် ခေါင်းခါလိုက်သည်။

အခန်း၏တံခါးတွင်တော့ ဖုန့်မှုန့်များနှင့်။ အသုံးမပြုဘဲထားသည်မှာ ကြာနေသည့်ပုံပင်။

သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့သည်မှာ အချိန်ကြာမြင့်ခြင်းမရှိ‌သေးရာ ဤအခန်း‌အကြောင်းမသိပေ။ သူ့နောက်မှ လူများသည်လည်းပဲ စိတ်ရှုပ်ထွေးသော အမူအရာများထွက်ပေါ်လာကြသည်။

လင်းချင်းယွမ်သည် လူအုပ်ကြီးကိုကြည့်လိုက်ပြီး ငြင်သာသွာပြောလိုက်သည်
"ဒါတွေက လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ဖြစ်ခဲ့တာတွေပဲ။ အင်း အဲ့တုန်းကတော့ ငါတို့ရဲ့ စိတ်ဝိညာဉ်တောင်ကြားက အတော်အင်အားကြီးခဲ့တယ်။ ရွှေအမြုတေအဆင့်‌ကျင့်ကြံသူတွေတောင်အများကြီးရှိခဲ့တယ်"

လင်းချင်းယွမ်မှာ ဤအကြောင်းပြောနေရင်း သူ့မျက်နှာထက်တွင် ယုံကြည်မှုတို့ ဂုဏ်ယူမှုတို့က အထင်းသားပင်။

ဥာဏ်အလင်းတို့၏ အရှင်သခင်(ကျောက်ယွမ်)Where stories live. Discover now