Description

4.1K 250 7
                                    

တုံးအပြီး ရိုးစင်းသော gong နှင့် ပါးနပ်ပြီး အနည်းငယ် နူးညံ့ညင်သာသော shou

ချောင်ယွမ်နိုးလာတဲ့အခါ သူက လက်ထပ်ပြီးတာနှင့် သေကြောင်းကြံစည်ခဲ့တဲ့ ရှေးခေတ်က လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။ ဒီနေရာကနေ ဖြစ်နိုင်သမျှမြန်မြန် ထွက်ပြေးလွတ်မြောက်ဖို့အတွက် အစီအစဉ်တွေ သူ့မှာ ရှိနေသည်။

ဒါပေမဲ့လည်း သူ့ရဲ့ခင်ပွန်းသည်က အတော်ကလေး ကောင်းတာကို တွေ့ခဲ့ရသည်။ သူက ရုပ်ချောပြီး နာခံမှုရှိသည်။ သူက ချောင်ယွမ်ကို လိမ်းဆေးအဆီဘူးတွေ၊ အဝတ်အစားတွေ ဝယ်ပေးပြီး ဂရုစိုက်ပေးရုံသာမက နှိပ်တောင်ပေးသေးသည်။ တဖြည်းဖြည်းချင်း ချောင်ယွမ်က ဒီကမ္ဘာမှာ နေထိုင်ရတာလည်း လက်ခံနိုင်ဖွယ်ရှိပါတယ်လို့ ခံစားလာရသည်။

သို့သော်လည်း သူ့ရဲ့နေထိုင်မှု အဆင့်အတန်းကို မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ သူသိသည်။ ဒါကြောင့်ပဲ ချောင်ယွမ်က သူ့ရဲ့တွန်းလှည်းနဲ့ ကုန်ပစ္စည်းတွေ စတင်ရောင်းချရင်း သူ့ရဲ့ အောင်မြင်ချမ်းသာဖို့ ခရီးရှည်ကြီးကို စတင်ခဲ့တော့သည်။

#

စစ်မှုထမ်းကာလပြီးဆုံးပြီးတဲ့နောက်မှာတော့ ယွီသာ့မုန်က သူ့မိခင်ရဲ့ စကားကို နားထောင်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့အသက်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ချောင်မိသားစုရဲ့ ကောလေးကို လက်ထပ်ခဲ့သည်။

ဒါပေမဲ့လည်း သူတို့ရဲ့မင်္ဂလာဦးည သူဘာတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ သူ့ရဲ့ခင်ပွန်းသည်လေးက သူ့ကိုယ်သူ ကြိုးဆွဲချပြီးနေပြီ! ယွီသာ့မုန်က အလွန်အမင်းကို စိတ်ပျက်အားလျော့သွားခဲ့သည်။ သူ့ခင်ပွန်းသည်လေးက သူနဲ့အတူ ဘဝကို မဖြတ်သန်းချင်ဘူး။

သူမျှော်လင့်မထားမိတာကတော့ နောက်ရက်မှာ နိုးလာခဲ့တဲ့လူငယ်လေးဟာ လုံးဝကို ပြောင်းလဲသွားခဲ့တာပါပဲ။ သူက ပျော်ရွှင်နေတဲ့အခါ ပွေ့ဖက်အလိုလိုက်ခံချင်ပြီး သူစိတ်ဆိုး ဒေါသထွက်တဲ့အခါဆို နှုတ်ခမ်းဆူနေပြီး အချော့ခံချင်တယ်။ ကိုးရိုးကားရားနိုင်ပြီး အာစေးမိနေတဲ့ ယွီသာ့မုန်တစ်ယောက် သူ့ရဲ့ နားရွက်နဲ့ ပါးတွေကိုကုတ်လိုက်ပြီး အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

**********************************************************************

ဒါလေးက အပိုင်း ၆၀ ပဲရှိပါတယ်။ ကိုယ်ဖတ်ရင်းနဲ့ သဘောကျလာလို့ အပိုင်းလည်းနည်းတာနဲ့ ဘာသာပြန်လိုက်တာပါ။ ပထမဆုံး ဘာသာပြန်ဖူးတာမို့ လိုအပ်ချက်တွေ ရှိနေမှာပါ။ အပြုသဘောဆောင်ပြီး ထောက်ပြပေး၊ နားလည်ပေးကြပါ။ ပြီးတော့ e-tran ဆီကနေ ခွင့်ပြုချက် မယူထားလို့ တစ်ခုခုဆို ဖျက်ရမှာပါ။ မြန်မာဘာသာပြန် ရှိပြီးသားဆိုလည်း ပြန်ဖျက်ပေးမှာမို့ လာပြောပေးပါနော်။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now