အခန်း ၁၂။ သံထည်အလုပ်ရုံ။

1.1K 222 2
                                    

ခဏအကြာတွင် လင်ချွေ့ဖန်းလည်း နိုးလာပြီး မီးဖိုချောင်ဆီသို့ သွားလေ၏။ ချောင်ယွမ် တိတ်တဆိတ် သူ့ကို ဖျက်ခနဲကြည့်လိုက်ပြီး အနည်းငယ်လည်း စိုးရိမ်နေခဲ့သည်။ အဆုံးတွင်တော့ ဤအရပ်ဒေသရှိ တာဝန်ယူ စောင့်ရှောက်ပေးရသည့် အမျိုးသားများသည် မီးဖိုချောင်သို့ ဘယ်တော့မှ မဝင်ကြပေ။

မျှော်လင့်မထားစွာဖြင့် ထိုအရာကိုမြင်သောအခါ လင်ချွေ့ဖန်းသည် သက်ပြင်းသာချလျက်
"မင်းအဖေသာ သာ့မုန်လို စဉ်းစားပေးတတ်မယ်ဆိုရင် အမေလည်းအရမ်းပျော်မိမှာပဲ"

ချောင်ယွမ် အလျင်အမြန်ပင် ချစ်စဖွယ်သရုပ်ဆောင်လိုက်ပြီး ပြောလိုက်၏။
"အဖေက အရမ်းကို စွမ်းဆောင်နိုင်ပါတယ် မိသားစုစီးပွားရေးကနေ ရတာတွေအကုန်လုံးက အဖေရှာတာတွေပဲမလား?"

လင်ချွေ့ဖန်း စိတ်ဆိုးဟန်ဆောင်လိုက်ပြီး မပြောမီတွင် သူ့ကိုအထက်အောက် စုန်ဆန်ကြည့်လိုက်ပြီး
"ဒီဝတ်စုံက မင်းနဲ့ကြည့်ကောင်းတယ်"

ချောင်ယွမ် ပျော်ရွှင်စွာဖြင့် ပြောလေသည်။
"သာ့မုန် ဝယ်ပေးထားတာလေ!"

"အိုး ငါ့ရဲ့ဒီတုံးအတဲ့သားက သူ့ခင်ပွန်းကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကျ သိသားပဲ!"
လင်ချွေ့ဖန်း နောက်ပြောင်လိုက်၏။

ချောင်ယွမ် ရှက်ရွံ့မသွားခဲ့ဘဲ ယွီသာ့မုန်မှာ သောကရောက်ရလျက်
"အမေ!"

လင်ချွေ့ဖန်း ပြုံးလိုက်ပြီး
"ဒါဆိုလည်း ကောင်းပါပြီ ဒီအဘွားကြီးက မင်းတို့လို ကြင်စဦးတွေကို မနှောင့်ယှက်တော့ပါဘူး"

နောက်ဆုံးတွင်တော့ လင်ချွေ့ဖန်း နားလည်သွားရသည်မှာ သားဖြစ်သူသည် သူ့ခင်ပွန်းသည်၏ ထိန်းချုပ်ခြင်းကို ခံနေရခြင်းဖြစ်ကြောင်းကိုပင်။ အဘွားချောင်စီစဉ်သော မင်္ဂလာပွဲအား အကြောင်းအရင်း နှစ်ချက်ကြောင့် သူလက်ခံခဲ့ခြင်းဖြစ်ပြီး : တစ်ချက်မှာ သူ့အသက်ကိုကယ်ခြင်းဖြစ်သော အဘွားချောင်၏ အကူအညီကြောင့်ဖြစ်ပြီး အခြားအချက်မှာ ချောင်ယွမ်သည် နာခံမှုရှိပြီး ထိန်းချုပ်ရလွယ်ကူလိမ့်မည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။ သူ၏တတိယသားမှာ ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော်လည်း အမှန်တကယ်မှာမူ စိတ်ပျော့သူ ဖြစ်သောကြောင့် သူနှင့်လိုက်ဖက်ညီရန်အတွက် ပိုမို၍ အားနည်းသူတစ်ယောက်ယောက်ကို လိုအပ်ခဲ့သည်။ သူ့သားအား လွှမ်းမိုးချုပ်ကိုင်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက်ပင်။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now