အခန်း ၃။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် သူက အရူးအနှမ်းတစ်ယောက်ပဲ။

1.2K 233 4
                                    

လင်ချွေ့ဖန်းသည် မီးဖိုချောင်ထဲတွင် မီးမွှေးနေပြီး မနက်စာပြင်ဆင်နေပုံပေါ်သည်။ ချောင်ယွမ် အမြန်ဆေးကြောလိုက်ပြီး မီးဖိုချောင်ထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။ လင်ချွေ့ဖန်း၏ လက်ထဲမှ ဆန်ဆေးခြင်း လုပ်ငန်းစဉ်ကို ဆတ်ခနဲလုယူလိုက်ပြီး မျက်နှာသာရအောင် ကြိုးစားလိုက်သည်။
"အမေ ကျွန်တော်ချက်ပါ့မယ် အမေနားနေပါ"

လင်ချွေ့ဖန်း တခဏကြာ တွန့်ဆုတ်သွားသော်လည်း သူ(ချောင်ယွမ်)၏ အသားအရည်သည် နှင်းဆီရောင် သန်းနေပြီး ပို၍တက်ကြွသက်ဝင်လာပုံပေါက်သောကြောင့် သူ့ခန္ဓာကိုယ် အဆင်ပြေသွားမှန်း သူနားလည် သဘောပေါက်သွားသည်။ အဲ့ဒီနောက် သူ့(လင်ချွေ့ဖန်း)အလုပ်တွေကို သူ့(ချောင်ယွမ်)ထံ လွှဲကာ ထွက်သွားရမည့်အစား မီးဖိုဘေး သစ်သားခွေးခြေခုံလေးပေါ်တွင် ထိုင်လိုက်ပြီး မီးမွှေးနေလိုက်သည်။

ချောင်ယွမ် ဆန်ဆေးနေရင်း မေးလိုက်သည်။
"အမေ ကျွန်တော်တို့ မနက်စာအတွက် ဘာလုပ်မှာလဲဟင်?"

"မင်းအဆင်ပြေသလို လုပ်လိုက်ပါ" လင်ချွေ့ဖန်း ထပ်ပြောလိုက်သည်။
"မင်းရဲ့ အစ်ကိုကြီးနဲ့ ချုံးကောအာတို့ မနေ့ကပဲ မြို့တော်ကို ပြန်သွားခဲ့တယ် မင်းအစ်ကိုကြီးက အလုပ်အရမ်းများလို့ အားလပ်ရက်က နှစ်ရက်ပဲရတယ်"

ချုံးကောအာဆိုတာ ယွီလောင်တ (အကြီးဆုံးအစ်ကို ယွီရှန့်ရွှယ်ကို ခေါ်ဆိုခြင်းဖြစ်သည်။) ၏ ခင်ပွန်း မုန့်ချုံးဖြစ်ပြီး မင်္ဂလာအခမ်းအနားအတွင်းတွင် မူလကိုယ်၏ အနားတွင် နေပေးခဲ့သူဖြစ်သည်။ သူရေချိုးခန်းသွားနေသည်ကို အခွင့်ကောင်းယူ၍ မူလကိုယ်သည် သူ့ကိုယ်သူ ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်။ ချောင်ယွမ် သူ့အပေါ်တွင် ထင်မြင်ချက်ကောင်းရှိသည်။

ဒါသည် ယွီမိသားစုထဲသို့ လက်ထပ်ပြီး ဝင်ရောက်လာသော ချွေးမအသစ်၏ ပထမဆုံး ထမင်းပွဲ ပြင်ဆင်ချက်ပြုတ်ခြင်းဖြစ်သည်။ လင်ချွေ့ဖန်း ချောင်ယွမ်၏ ချက်ပြုတ်စွမ်းရည်ကို စမ်းသပ်လိုခဲ့သည်။ ထို့ကြောင့် ထင်းထပ်ထည့်ပေးသည်မှလွဲ၍ ဘာတစ်ခုကိုမှ သူဝင်ရောက်မစွက်ဖက်ခဲ့။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now