အခန်း ၁၅။ ခွဲထွက်၍ သီးခြားနေထိုင်ခြင်း။

1.7K 252 10
                                    

ယွီသာ့မုန်သည် ပက်လက်ကုလားထိုင်ခုံကို အိမ်သို့ သယ်လာခဲ့ပြီး သူနှင့်ချောင်ယွမ်၏ အခန်းရှေ့တွင် ထားလိုက်လေသည်။ နေရောင်သည် အတိအကျ တောက်ပနေပြီး ထိုနေရာတွင်ထိုင်၍ နွေးထွေးမှုထဲတွင် နေပူဆာလှုံရန် သင့်တော်လေသည်။ သူသည် ယွမ်ကောအာ နေပူဆာလှုံခြင်းကို နှစ်သက်သည်ကို သိ၍ သူ့အားခေါ်ကာ စမ်းကြည့်ခိုင်းချင်သော်လည်း ချောင်ယင်ယင်၏စကားများနှင့် ယွမ်ကောအာ ဘယ်လောက်တောင် သူ၏ခင်ပွန်းမဖြစ်ချင်သည်ပါ သတိရလိုက်သည်။

ကြိမ်ဖန်များစွာ ချီတုံချတုံဖြစ်ပြီးနောက် အဆုံးတွင်တော့ သာ့မုန်သည် ယွမ်ကောအာနှင့် အဆင်ပြေစေရန် စကားပြောဖို့ ဆုံးဖြတ်လိုက်လေသည်။

သူဝင်လာသည်ကို ချောင်ယွမ်မြင်မြင်ချင်းမှာပင် တစ်ဖက်လှည့်ကာ မျက်နှာလွှဲလိုက်၏။ တစ်ခြုံကွယ် တစ်မယ်မေ့ပဲ။ တစ်နေကုန်လုံး ထိုသူဘယ်ရောက်နေသည်ကို သူ မသိသလို ထိုသူသည် ဝင်လာပြီးလည်း သူ့ကိုလာမချော့ချေ!

ယွီသာ့မုန် ကုတင်ဘေးသို့ မသွားချင်သွားချင်ဖြင့် သွားလိုက်ပြီး သွက်လက်စွာ မပြောနိုင်ပေ။
"ယွမ်ကောအာ ကိုယ်ပက်လက်ကုလားထိုင်ခုံ သယ်လာခဲ့ပြီ မင်းထိုင်ကြည့်ချင်လား?"

ချောင်ယွမ် သူ့အား ဆက်လက်၍ လျစ်လျူရှုထားလိုက်၏။

ယွီသာ့မုန် သူ့နှုတ်ခမ်းအား စုကျုံ့လိုက်ပြီး ဆက်ပြောလိုက်၏။
"အခု နေသာနေတယ် နေပူဆာလှုံမယ်ဆိုရင် သက်သောင့်သက်သာ ခံစားရမှာ"

ချောင်ယွမ်၏နှလုံးသားမှာ အနည်းငယ် နူးညံ့သွားသော်လည်း အလွန်လွယ်ကူစွာ ချော့၍ရသည့်ပုံ မပေါ်စေရန် စောင်ကိုခေါင်းအထိ ဆွဲခြုံလိုက်ပြီး သွားများကိုကြိတ်ကာ ခေါင်းမာစွာ ပြောလိုက်၏။
"မလိုချင်ဘူး"

ယွီသာ့မုန် တခဏကြာ တိတ်ဆိတ်သွားရသည်။ ချောင်ယွမ် သူ၏စိတ်ရှည်မှု ကုန်ဆုံးခါနီးတွင် သူဒေါသထွက်နေသကဲ့သို့ ကုတင်အစွန်းတွင် ရုတ်တရက်ထိုင်ချလိုက်သည်။ တခဏကြာ ချီတုံချတုံဖြစ်ပြီးနောက်တွင် လက်လှမ်းကာ ချောင်ယွမ်၏ခေါင်းအား ဖုံးကွယ်ထားသော စောင်ကိုဆွဲချလိုက်ပြီး ပြောလေ၏။
"ခေါင်းမြီးခြုံမထားနဲ့ သက်သောင့်သက်သာ မဖြစ်ဘူး"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now