အခန်း ၇။ သူကျွန်တော့်ကိုပေးတဲ့ အဝတ်အစားတွေ

1.2K 197 1
                                    

အဒေါ်ကျောက် စရံပေးသွင်းတဲ့ ဝမ် ၅၀၀ အပါအဝင် စုစုပေါင်း ဝမ် ၅၃၀ ရရှိခဲ့သည်။ ချောင်ယွမ် သူ့လက်ကို ဝေ့ယမ်းပြီး ပြောလိုက်သည်။
"အမေ ကျွန်တော်တို့ ဝက်သားမရနိုင်မှတော့ ကြက်တစ်ကောင် ဝယ်ရအောင်! ဒီတစ်ကြိမ်တော့ အားလုံးကို ကျွန်တော်ဝယ်ကျွေးမယ်!"

လင်ချွေ့ဖန်းသည်လည်း အလွန်ပျော်ရွှင်နေလေသည်။ အချိန်တိုအတွင်းတွင် ယွမ်ကောအာသည် ငွေတုံးတစ်ဝက် ရှာနိုင်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သိပ်မကြာမီတွင်လည်း နောက်တစ်ဝက်ကို ရဦးမှာဖြစ်သည်။ ပိုမိုကောင်းမွန်သည့် အရည်အချင်းအချင်းရှိသည့် အမျိုးသားတချို့ထက်ပင် အထင်ကြီးစရာကောင်းသေးသည်။
"ကောင်းပြီလေ! အမေ မင်းနဲ့ လိုက်ခဲ့မယ်!"

လင်ချွေ့ဖန်း အပြင်သွားလိုက်ပြီး အိမ်ထောင်စုတစ်စုထံမှ ၅ ကျင်း အလေးချိန်ရှိသည့် ကြက်ဖတစ်ကောင်အား ဝမ် ၄၀ ဖြင့် ဝယ်ယူခဲ့သည်။ အဆုံးတွင်တော့ သူသည် ချောင်ယွမ်အား တစ်ဝက်သာ ပေးချေစေခဲ့သည်။
(斤 - ကျင်း - အသံထွက်အတိုင်းပဲ ရေးလိုက်ပါတယ်။
၁ ကျင်း မှာ ၅၀၀ ဂရမ်ရှိပါတယ်။)

ကြက်ဖကို တင်းကြပ်စွာ ချည်နှောင်ထားရာ လွတ်မြောက်ရန် ရုန်းကန်နေသည်။ တောင်ပံများကို ခတ်လိုက်ပြီး အော်ဟစ်ဆူညံနေလေသည်။ ချောင်ယွမ်သည် အနီးသို့ ကပ်မသွားဝံ့ချေ။

သူ၏ကလေးဆန်မှုကို ပြသသလို ဖြစ်သွားခဲ့ရာ လင်ချွေ့ဖန်းသည် ရယ်မောလိုက်ပြီး သူ့အား မီးဖိုချောင်ဆီသို့ ရေနွေးတည်ထားရန် လွှတ်လိုက်သည်။ ထို့နောက် သူသည် ကျွမ်းကျင်စွာဖြင့် လည်ပင်းအား လှီးလိုက်ပြီး ကြက်မွေးများကို ဆွဲနုတ်ကာ သန့်ရှင်းလိုက်သည်။ သူ၏ ကြက်ဖကို သတ်ဖြတ်ခြင်းနှင့် အမွေးနုတ်ခြင်း စွမ်းရည်အား ပြသလိုက်လေသည်။

အမွှာညီအစ်ကိုနှစ်ယောက်သည် အလွန် စိတ်လှုပ်ရှားနေကြပြီး  ချောင်ယွမ်နှင့် လျိုကောအာ၏ ကြောက်ရွံ့တွန့်ဆုတ်နေခြင်းအား လှောင်ပြောင်ကြလေသည်။

ချောင်ယွမ်သည် ကောင်စုတ်လေးနှစ်ယောက်အား လျစ်လျူရှုလိုက်သော်လည်း လျိုကောအာသည် ခေါင်းမာစွာဖြင့် သူတို့နှင့် ငြင်းခုံနေခဲ့သည်။ နောက်ဆုံးတော့ သူတစ်ခွန်းတည်းသာ ပြောလိုက်လေသည်။
"တတိယအစ်ကို ပြန်လာပြီး မင်းတို့ကိုရိုက်မှာကို စောင့်နေလိုက်!"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now