အခန်း ၁၃။ နားလည်းမလည်ဘူး!

1.2K 228 5
                                    

မူလကိုယ်၏ အဘွားသည်လည်း သနားစဖွယ်ကောင်းသောသူတစ်ယောက်ပင်။ ရွာသားများသည် သူ(မ)အား ချောင်ဝမ်ရှစ်ဟု ခေါ်ဆိုကြပြီး မူလကိုယ်သည်ပင် သူ(မ)၏အမည်အရင်းအား မသိပေ။ သူ(မ)ငယ်ရွယ်စဉ်မှာပင် ခင်ပွန်းသည်အား ဆုံးရှုံးခဲ့ပြီး သားနှစ်ဦးအား ထောက်ပံ့နိုင်ရန်အတွက် အနီးနားပတ်ဝန်းကျင်မှ အမျိုးသမီးများအား ကလေးမီးဖွားပေးခြင်းအပေါ်တွင်သာ မှီခိုခဲ့ရသည်။

သူ(မ)၏ဒုတိယသား ချောင်ယွမ်၏ဖခင်မှာ အလားအလာကောင်းသော လူတစ်ယောက်ဖြစ်ပြီး ဆိပ်ကမ်းတွင် နှစ်အနည်းငယ်ကြာ အလုပ်လုပ်ခြင်းမှ ငွေအချို့ရရှိခဲ့သည်။ သူ(မ)တွင်လည်း ကောင်းမွန်သော နှစ်အနည်းငယ် ပိုင်ဆိုင်ခဲ့ရသော်လည်း ကြာရှည်မခံခဲ့ချေ။ မူလချောင်ယွမ်၏ မိဘများသည် ပြဿနာများ တစ်ခုပြီးတစ်ခု ကြုံတွေ့ရပြီးနောက် သေဆုံးသွားကြသည့်အခါ အချိန်ကောင်းလေးများသည်လည်း အဆုံးသတ်သွားရလေတော့သည်။

ရွှီရှုံ့ဟွားသည်လည်း အမြဲတမ်းပြဿနာရှာသူဖြစ်လေသည်။ နဂိုတုန်းက မူလကိုယ်၏ဖခင်၏ ဟန့်တားခြင်းခံရပြီး ချောင်ဝမ်ရှစ်အား ဘာမှမလုပ်ရဲပေ။ သို့သော်လည်း မူလကိုယ်၏ မိဘများ သေဆုံးပြီးနောက်တွင် ချောင်ဝမ်ရှစ်ရော မူလကိုယ်ပါ သူ(မ)အပေါ် မှီခိုနေရသည်ဟု တွေးထင်လာကာ တဖြည်းဖြည်းချင်း သူ(မ)၏ ပုံစံအစစ်အမှန်အား ပြသလာတော့သည်။

ချောင်ဝမ်ရှစ်သည် အိုမင်းလာကာ ကျန်းမာရေးလည်း မကောင်းပေ။ အနာဂတ်တွင် သူ(မ)မှီခိုအားထားစရာ သားတစ်ယောက်သာလျှင် ကျန်တော့သည်။ သူ(မ)သည် မူလကိုယ်အတွက် သည်းညည်းခံခဲ့သော်လည်း ရွှီရှုံ့ဟွားသည် ပို၍လောဘကြီးလာပြီး လွန်လွန်းလာတော့သည်။

မူလကိုယ်အတွက် ချောင်ဝမ်ရှစ်သည် အလွန်အရေးကြီးသောသူ တစ်ယောက်ဖြစ်သည်။ မူလကိုယ်၏ ဆန္ဒများအတိုင်း လိုက်နာပြီး ချောင်ယွမ် ချောင်ဝမ်ရှစ်အပေါ်တွင် ဝတ္တရားကျေစေရန် အကောင်းဆုံးလုပ်ဆောင်မည်ပင်။

ထို့ကြောင့် ယခုသူ့လက်ထဲတွင် ငွေအမြောက်အများမရှိသေးသော်လည်း ချောင်ယွမ်သည် ချောင်ဝမ်ရှစ်အတွက် အကောင်းဆုံးချည်ထည်များကို ရွေးချယ်ဆဲဖြစ်သည်။ အပြာရင့်ရောင်နှင့် ခရမ်းပြာရောင်တို့သည် အမျိုးသမီးကြီးများ ဝတ်ဆင်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ ယွီသာ့မုန်နှင့်အတူ ကြက်သွေးရောင်တစ်ထည်ကိုလည်း လင်ချွေ့ဖန်းအတွက် ရွေးထုတ်လိုက်သည်။ အထည်သုံးစုံအတွက် ဝမ်ကိုးရာကျသင့်လေသည်။ ဆိုင်ရှင်နှင့် အချိန်အနည်းငယ်ကြာ ညှိနှိုင်းပြီးနောက်တွင် ဝမ်ငါးဆယ်ဈေးဆစ်နိုင်ခဲ့ပြီး လျိုကောအာ၏အသက်အရွယ်နှင့် သင့်တော်သည့် ခေါင်းစည်းကြိုးတစ်ခုပင် ရခဲ့လေသည်။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now