အခန်း ၈-၂။ သူနာကျင်သွားရပြီ

1.1K 212 1
                                    

လူအိုကြီးယွီနှင့် ယွီသာ့မုန်တို့ထွက်သွားပြီးနောက်တွင် ယွီလောင်အာ့ တံခါးဆီသို့ ရောက်လာလေသည်။

ဤအကြိမ်သည် သူ့အား ချောင်ယွမ်ပထမဆုံး ဆုံတွေ့ဖူးခြင်းဖြစ်သည်။ သူသည် တုတ်ချောင်းလေးတစ်ချောင်းကဲ့သို့ ပိန်ပါး၏။ အပြင်လူ သူစိမ်းများအား သူသည် ယွီသာ့မုန်၏အစ်ကိုဟု ပြောပါလျှင် မည်သူမျှ ယုံကြည်လိမ့်မည်မဟုတ်။

လင်ချွေ့ဖန်း သူလာသည်အား မြင်သည်နှင့် ပင်မခန်းဆီသို့ လှည့်ထွက်သွားလေသည်။ သိသာထင်ရှားစွာပင် သူ သူ့အား မမြင်ချင်ပေ။

ချောင်ယွမ် သူ့အား နှုတ်ဆက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
"ဒုတိယအစ်ကို"

ယွီလောင်အာ့ ပင်မခန်းဆီသို့ ထိန်းထိန်းသိမ်းသိမ်းဖြင့် လှမ်းကြည့်လိုက်သည်။ ချောင်ယွမ်နှုတ်ဆက်သည်ကို ကြားသောအခါ သူ့အိတ်ထောင်ထဲမှ အနီရောင်စာအိတ်တစ်အိတ်အား အလျင်အမြန် ဆွဲထုတ်ပြီး ပြောလိုက်သည်။
"မင်းနဲ့သာ့မုန် လက်ထပ်တုန်းက ငါမလာနိုင်ခဲ့ဘူး ဒါကိုယူပါ ဒါက မင်းမရီးနဲ့ငါ့ရဲ့ ချစ်ခင်မှု အမှတ်သညာပေါ့"

"ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ? လက်မခံပါရစေနဲ့"
ထိုသူသည် ငွေရေးကြေးရေး မပြေလည်သည်မှာ ထင်ရှား၏။ ချောင်ယွမ် ငွေအား လက်ခံရန် ငြင်းဆန်လိုက်သည်။

မတိုးသာ မဆုတ်သာ အခြေအနေအတွင်းမှာပင် ရုတ်တရက် လင်ချွေ့ဖန်း ပြောလိုက်သည်။
"ယွမ်ကောအာ ဒီငွေကို လက်ခံလို့မရဘူး"

ချောင်ယွမ် သူ့ခေါင်းကို လှည့်လိုက်ရာ ပင်မခန်းစင်္ကြံတွင် မတ်တတ်ရပ်နေသော လင်ချွေ့ဖန်းအား တွေ့လိုက်ရသည်။ သို့သော် သူမည်သည့်အချိန်က ရောက်နေခဲ့သည်ကို ချောင်ယွမ်မသိခဲ့ရချေ။

ယွီလောင်အာ့ ဒူးထောက်ပြီး အလွန်အကျွံအရိုအသေပေးလိုက်သည်။
"အမေ"

လင်ချွေ့ဖန်း ပြန်မတုံ့ပြန်သော်လည်း အေးစက်စက်အသံဖြင့် ပြောလေသည်။
"မင်းရဲ့ညီလေးက မင်းနဲ့  စကားမများချင်ဘူး ပြီးတော့ မင်းနဲ့ဆက်ပြီး ပတ်သက်ဖို့ ဆန္ဒရှိနေတယ် မင်းမရီးကလည်း လူကောင်းတစ်ယောက်ပဲ မင်းနဲ့မင်းဇနီးက ဒါကို နားလည်သဘောပေါက်သင့်တယ်"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now