အခန်း ၁။ တုံးအတဲ့ ဝက်ဝံကြီးက အရမ်းစိတ်ဆိုးနေပုံပဲ။

2.2K 252 2
                                    

ချောင်ယွမ်နိုးလာတော့ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ အပြာဖျော့ဖျော့ အိပ်ရာခန်းဆီးကို မြင်လိုက်ရသည်။

သူထထိုင်နိုင်ရန် ရုန်းကန်လိုက်ရပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မီတာနှစ်ဆယ်ပတ်လည်လောက်ရှိမဲ့ အခန်းတစ်ခု ဖြစ်နေတာကို တွေ့လိုက်ရသည်။ နံရံတွေက သက်ငယ်နှင့်မြေကြီး ရော၍ ပြုလုပ်ထားပုံရသည်။ အခန်းထဲတွင် အသစ်စက်စက် ဗီရိုကြီးတစ်လုံးနှင့် "喜喜" လို့ ရေးထားသော သေတ္တာနှစ်လုံးအပြင် ပစ္စည်းအမျိုးမျိုးတင်ထားသော စားပွဲနှင့် ကုလားထိုင်နှစ်လုံးလည်း ရှိသည်။ အခန်းက သပ်ရပ်နေပေမဲ့လည်း ဟောင်းနွမ်းစုတ်ပြတ်နေသည်ကိုတော့ မဖုံးကွယ်ထားနိုင်ပေ။သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ သူ့လက်နှင့် ခန္ဓာကိုယ်ဟာ သူ့အပိုင် မဟုတ်တာကို သတိထားမိလိုက်သည်။

သူ ကူးပြောင်းလာတာလား? ချောင်ယွမ်လန့်လွန်းလို့ သတိလစ်သွားခဲ့သည်။

ချောင်ယွမ်နောက်တစ်ကြိမ် နိုးလာတော့ သူ့မှာ သူနဲ့မဆိုင်တဲ့ မှတ်ဉာဏ်တစ်ခု ရှိနေခဲ့သည်။ အဲဒါဟာ ကံတရားလား ဒါမှမဟုတ် တခြားတစ်ခုခုလားဆိုတာ သူမသိသော်လည်း ဒီခန္ဓာကိုယ်ရဲ့ နာမည်ဟာလည်း ချောင်ယွမ်ဖြစ်နေခဲ့ပြီး ရှန်ဟယ်ရွာ၊ ရွင်ရွှေစီရင်စုက ဖြစ်သည်။

အသက်ခုနစ်နှစ်မတိုင်ခင်မှာ သူဟာ မိသားစု၏ အလွန်တရာချစ်ခြင်းခံရပြီး မိဘတွေရဲ့ ချစ်မြတ်နိုးရသော ရတနာလေး ဖြစ်ခဲ့သည်။ သို့သော်လည်း သူ့အသက် ခုနစ်နှစ်တွင် သူ့မိခင်ဟာ ကလေးမွေးဖွားရင်း သေဆုံးခဲ့ရသလို လအနည်းငယ်အကြာမှာ သူ့ဖခင်ဟာလည်း ဇနီးသည်နှင့် မမွေးဖွားလိုက်ရဘဲ သေဆုံးသွားသော ကလေးငယ်တို့ကို ဆုံးရှုံးရခြင်း၏ ကြီးမားပြင်းထန်သောဖိစီးမှုတို့ကြောင့် ဆိပ်ကမ်းတွင် အလုပ်လုပ်နေစဉ် မြစ်အတွင်းပြုတ်ကျ၍ ရေနစ်သေဆုံးသွားခဲ့သည်။

မိဘမဲ့‌ကောလေးတစ်ယောက်အနေဖြင့် ဒီကျေးလက်အိမ်ထောင်စုမှာ ဘယ်လိုများ အထင်သေးမခံရဘဲ ရှိမလဲ? အထူးသဖြင့် သူ့ဦးလေး၏ဇနီး ရွှီရှုံ့ဟွားသည် သူ့မိခင်၏ ကောင်းမွန်သောဘဝကို မနာလိုခဲ့၍ သူ့ကိုလည်း သဘောမကျပေ။ သူက အမြဲသူ့ကို ဖိအားပေး၍ အိမ်မှုကိစ္စတွေကို လုပ်စေခဲ့သည်။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now