အခန်း ၁၉။ ခြစ်။

1K 199 15
                                    

ချောင်ယွမ်သည် နေ့လယ်ခင်းဘက်တွင် သံထည်ပစ္စည်းများပြုလုပ်သည့် လုပ်ငန်းစဉ်ကို ဂရုတစိုက်ကြည့်ရှုရန် အချိန်ရခဲ့သည်။

ဤကမ္ဘာတွင် ခက်ခဲသည့်သက်မွေးဝမ်းကျောင်းလုပ်ငန်း သုံးမျိုးရှိလေသည် : လှေသမား၊ ပန်းပဲဆရာနှင့် ပဲပြားပြုလုပ်သူတို့ ဖြစ်ကြသည်။ သူတို့ပြောသည်မှာ တကယ်အမှန်ပေ။
(ဒီနေရာမှာ etrans က tofu maker လို့ ပြောထားပေမဲ့ ကိုယ်ကတော့ ပဲပြားပြုလုပ်သူလို့ပဲ ဘာသာပြန်လိုက်ပါတယ်နော်)

ယွီသာ့မုန်၏ ကနဦးအ‌တွေ့အကြုံအရ ပန်းပဲလုပ်ငန်းတွင် လုပ်ငန်းစဉ် ခုနစ်ခုပါဝင်သည် : ပစ္စည်းများ ရွေးချယ်ခြင်း၊ ပစ္စည်းများကို အပူပေးခြင်း၊ ပုံသွင်းခြင်း၊ အရောင်တင်ခြင်း၊ မီးငြိမ်းသတ်ခြင်း နှင့် အပူပေးခြင်းတို့ဖြစ်သည်။

ချောင်ယွမ်သည် ဤလုပ်ငန်းစဉ်များအားလုံးမှာ မည်သည်အတွက်ဖြစ်သည်ကို နားမလည်သော်လည်း တစ်နေ့လယ်ခင်းစာစောင့်ကြည့်ပြီးနောက် ယွီသာ့မုန်သည် မီးပြင်းဖိုအားအပူပေးရန်အတွက် ဖားဖိုကိုဆွဲလိုက်ပြီး တူကြီးအား သံတူဖြင့်ထုသည်ကို တွေ့မြင်ခဲ့ရသည်။ တကယ့်ကို ခက်ခဲတဲ့အလုပ်ပဲ။

ချောင်ယွမ်သည် သူကိုယ်တိုင်လည်း ကြိုးစားကြည့်ခဲ့သည်။ သံတူကြီးအား မ,နိုင်ရုံမျှသာဖြစ်ပြီး ၎င်းဘာသာလွှဲယမ်းနေစေလိုက်ရသည်။ သူနေ့စဉ် ခွန်အားဘယ်လောက်သုံးရမလဲ? ၎င်းမှာ ပူလောင်၍ ပင်ပန်းရာ ခန္ဓာကိုယ်အတွက် လုံးဝအားအင်ကုန်ခမ်းစေသည်။ သူအသက်ကြီးလာသည့်အခါတွင် ပြဿနာတွေအများကြီးရှိမှာ အသေအချာပင်။ ချောင်ယွမ် လွန်စွာစိတ်ဓာတ်ကျသွားပြီး ယွီသာ့မုန်အတွက် အာဟာရဖြည့်ရန် အရိုးစွပ်ပြုတ်များပို၍လုပ်ရမည်ဟု တွေးလိုက်သည်။

သူသည် ယွီသာ့မုန် နေ့ခင်းအလုပ်မှ အိမ်ပြန်ရောက်သောအခါ အဆင်သင့်လုပ်ထားသော အစားအစာများကို စား‌စေချင်ခဲ့သည်။ သံထည်အလုပ်ရုံတွင် သူများများစားစား မကူညီပေးနိုင်သည့်အတွက် အိမ်အရင်ပြန်ရန် အကြံပြုခဲ့သည်။

ယွီသာ့မုန် သဘောမတူခဲ့ဘဲ သူ(ချောင်ယွမ်) တစ်ယောက်တည်း လမ်းလျှောက်ရန်မှာ အဆင်မပြေပေ။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now