chapter 4

174 22 0
                                    

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 4
သိုးထိန်းကြောင်

စွေ့ချီချောင်း အခန်းများကို လိုက်၍စစ်ဆေးသောအခါ ကန်တင်း၌ထောက်ပံ့ပေးထားသည့် အအေးခန်းအခြေအနေကို စိတ်တိုင်းမကျသော်လည်း လက်ရှိတွင်လုပ်နိုင်သည့်အရာမရှိသေးပေ။ ကံကောင်းစွာဖြင့် အသီးအနှံများမှာ အအေးဓာတ်လုံလောက်သောကြောင့် လတ်ဆတ်နေဆဲဖြစ်၏။

ကန်တင်းC၏ ပစ္စည်းများ၀ယ်ယူမှုကို ကြီးကြီးမားမားပစ္စည်းများနှင့် အသေးစားများဟူ၍ ခွဲခြားထားသည် ။ ကြီးမားသော၀ယ်ယူမှုများကိုမူ အရည်အသွေးစီစစ် စစ်ဆေးရန် လိုအပ်သော်လည်း သေးငယ်သောပစ္စည်းများကို ကိုယ်တိုင်၀ယ်ယူနိုင်၏ ။

“ ဟုတ်ပြီ ... ပစ္စည်းအ၀ယ်စာရင်းထဲမှာ မျိုးစေ့တစ်ထုပ်ထည့်၀ယ်လာခဲ့... ”

အချို့သောအပင်များအား ကိုယ်တိုင်မစိုက်ပျိုးထားရသေးသောကြောင့် အစေ့များ၀ယ်၍စိုက်ပျိုးရန် လိုအပ်သည် ။ ကန်တင်းရှိမြက်ခင်းပြင်အား ငရုတ်ပင်များစိုက်ထားလိုက်ကာ အခြားသောနေရာများတွင်လည်း အပင်စိုက်ရန်အစီအစဥ်များစွာ ချထားသေး၏။

သူရောက်လာစဥ်အခါက ငရုတ်စေ့လေးတစ်စေ့ကို စတင်စိုက်ပျိုးခဲ့သည်။ ထိုငရုတ်စေ့၏ပုံသဏ္ဍာန်မှာ ရင်းနှီးနေသောကြောင့် ကန်တင်းအပြင်ဘက်တွင်လည်း စိုက်ပျိုးစေခဲ့ခြင်းပင်။ သို့သော်လည်း အရင်းအမြစ်များကြွယ်၀လာစေရေးအတွက် စိုက်ပျိုးရန်မြေနေရာများကို တဖြည်းဖြည်းချင်းချဲ့ထွင်သွားရန် လိုအပ်နေသေးသည် ။

စျေး၀ယ်ရန်တာ၀န်ကျသည့် အ၀ယ်တော်ရှောင်ချောင် မှာနားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ အစေ့တွေ ၀ယ်ရမှာလား ... အစေ့တွေနဲ့ ဘာလုပ်လို့ရမှာမို့လို့လဲ...”

“ အများကြီးအသုံး၀င်တာပေါ့... ဂေါ်ဖီထုပ်တွေ၊ ဟင်းနုနွယ်ရွက်၊ ကြက်သွန်နီ၊ ရုံးပတီသီး၊ နံနံပင်နဲ့ပဲတွေ အဲဒီအပင်တွေအတွက် မျိုးစေ့ကီလိုသုံးဆယ်ကျော်၀ယ်ခဲ့... “

စွေ့ချီချောင်းနှင့်၀န်ထမ်းများ သိကျွမ်းသည်မှာအချိန်ခဏသာ ရှိသေးသောကြောင့် ရှောင်ချောင်မှာ သူဌေးအသစ်လေးအား အနည်းငယ်ကြောက်နေဆဲဖြစ်သည်။ ထို့ကြောင့် ဆက်မမေးတော့ဘဲ ခေါင်းသာညိတ်ပြလိုက်၏ ။

လယ်စိုက်ကြမယ်Where stories live. Discover now