chapter 9

124 20 0
                                    

Chapter 9
April 11, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 9

ပျော်ရွှင်စွာမျိုးကြဲခြင်း

သူတို့အားလုံးက တက္ကသိုလ်မြို့တော်တစ်ခုတည်းတွင် ရှိနေခြင်းဖြစ်သောကြောင့် ကျောင်းပေါင်းစုံမှ ကျောင်းသားများအကြား အပြန်အလှန်ဆက်ဆံရေးအချို့ ရှိကြသည်သည်။ တက္ကသိုလ်မြို့တော်တွင် CUရှိ ကျားငါးကောင်၏ ဂုဏ်သတင်းမှာ လူသိများကျော်ကြားလေသည်။ ယခင်ကဆိုလျှင် အခြားကျောင်းမှ ကျောင်းသားအချို့က CU၏ကန်တင်းကို လောင်းကြေးအတွက် အသုံးပြုခဲ့ကြသည်။ အလောင်းအစားတွင်ရှုံးနိမ့်သော အရှုံးသမားများက CUကိုသွား၍ CUကျောင်းသားများကို ကျောင်းကန်တင်းရှိရာနေရာကို လမ်းပြခိုင်းပြီး ညစာစားရန် သွားရသည်။ ဤအရှုံးသမားများက CUကျောင်းသားများထံမှ အရူးတစ်ယောက်နှယ် ကွက်ကြည့်ကွက်ကြည့်လုပ်သည်ကို ခံရလေ့ရှိသည်။

CUရှိ ပထမကန်တင်းကို အပြင်းအထန်ပြုပြင်ပြောင်းလဲလိုက်သော သတင်းက အခြားတက္ကသိုလ်များဆီသို့ ပျံ့နှံ့နေပြီဖြစ်ရာ လူတိုင်းကလည်း ပွဲကောင်းတစ်ပွဲကိုကြည့်ရရန် မျှော်လင့်နေကြသည်။ သို့သော် လူအများစုကမူ သူတို့၏ငရုတ်ဆီက ရသာရုံတောအုပ်လေး၏ငရုတ်ဆီထက် အဆင့်အတန်းမမြင့်မားပါဘဲ နှိုင်းယှဉ်နိုင်သော အဆင့်ထိရောက်အောင် တမင်တွန်းပို့ခဲ့ကြကြောင်း သံသယဖြစ်နေကြသည်။

CUကျောင်းသားများက အခြားတက္ကသိုလ်ကျောင်းသားများကို ပထမကန်တင်းတွင်စားသောက်ရန်အတွက် ဖိတ်ကြားကြသည်။ သူတို့၏စကားများက တချို့ကျောင်းသားများကို ဆွဲဆောင်လိုက်နိုင်သည်။ ထိုလူတစ်စုက CUကျောင်းသားများဆီသို့ အမြန်စုရုံးလိုက်ကြပြီး ပထမကန်တင်းတွင်ထမင်းစားရန် လိုက်ပါသွားကြတော့သည်။

တိုက်ဆိုင်သည်မှာ ထိုအချိန်က ကိုယ်တိုင်လုပ်ငရုတ်ဆီ ကျန်နေသေးသည့်အချိန်ဖြစ်လေရာ အခြားကျောင်းမှ ကျောင်းသားများကို မျက်နှာဖြတ်ရိုက်လိုက်နိုင်လေသည်။ အခြားတက္ကသိုလ်မှ ကျောင်းသားများက ရိုးရိုးထမင်းကို ငရုတ်ဆီတစ်ခုတည်းနှင့်ပင် စားပစ်ကြပြီး ပန်းကန်လိုက်ကိုင်မော့ကာ ပန်းကန်လုံးထဲမှာရှိသမျှကို ပြောင်နေအောင်စားသောက်လိုက်ကြသည်။ ထို့နောက် ထမင်းတစ်ပန်းကန်ထပ်ထည့်ကာ "စားလို့ကောင်းတယ်၊ အရသာရှိလိုက်တာ"ဟု တတွတ်တွတ်ပြောနေကြချေသည်။

လယ်စိုက်ကြမယ်Where stories live. Discover now