chapter 13

110 14 0
                                    

Chapter 13
April 11, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

CH 13

သားကြောဖြတ်ခြင်းပက်ကေ့ချ်အရောင်းဖွင့်ခြင်း

ဟွမ်းဝေ့ဟယ်က ရေဟင်းနုနယ်အမျိုးအစားများအကြောင်း စုံစုံလင်လင်သိထားသော စွေ့ချီချောင်းနှင့်မတူပေ။ သူ့စိတ်ထဲတွင် ရေသွင်းစိုက်ပျိုးရေးနည်းဖြင့် စိုက်ပျိုးထားသော ရေဟင်းနုနယ်နှင့် ခြောက်သွေ့မြေဆီလွှာတွင်စိုက်ပျိုးထားသော ဟင်းနုနယ်တို့မှာ အရသာမတူညီဟု သိထားသည်။ ထို့ပြင် ရေဟင်းနုနနယ်ရွက်က ပေါက်ရောက်ရာနယ်မြေပေါ်မူတည်၍ အမျိုးအစားကွာခြားနိုင်ပေသည်။

သို့သော် ဟွမ်းဝေ့ဟယ်က နိုင်ငံရပ်ခြားတွင်ဖြစ်စေ ပြည်တွင်း၌ဖြစ်စေ ယခုလိုအရသာမျိုးကို တစ်ခါမျှမခံစားဖူးချေ။ ရေဟင်းနုနယ်စိုက်ပျိုးရန် သင့်လျော်လှသော ရာသီဥတုအခြေအနေရှိသည့်ဒေသမျိုးလည်း အပါအဝင်ဖြစ်၏။

ဆာလောင်မှုကြောင်သာမက သူ့ဘေးရှိကျောင်းသားများထံမှ လွှမ်းမိုးခံလိုက်ရခြင်းကြောင့်ပါပေါင်း၍ သူနှင့်ရင်းနှီးသောအတန်းဖော်များကိုပင် မနှုတ်ဆက်အားတော့ဘဲ စားစရာများကို တူနှင့်အပြည့်ညှပ်ယူကာ ပါးစပ်ထဲကိုအပြည့်ထိုးသွပ်လေတော့သည်။

ဤအရသာမှာ သူထင်ထားသည်ထက် ပိုကောင်းမွန်လှသည်။

ယခုကဲ့သို့ သဘာဝဆန်သောအရသာမျိုးကို မြည်းစမ်းနိုင်ခွင့်ရရန်မှာ ကြုံတောင့်ကြုံခဲပင်။ ဟင်းနုနယ်ရိုးမှာ အလွန်ကြွပ်ဆတ်လှပြီး အရွက်များကလည်း နူးညံ့ကာအရသာကြွယ်လှ၏။ တို့ဟူးချဉ်၏အရသာကလည်း အနေတော်ပင်ဖြစ်ပြီး အားလုံးပေါင်းစပ်လိုက်သည့်အရသာမှာ မငန်လွန်းလှပေ။ အသီးအရွက်ဟင်းပွဲလေးတစ်ခုက သူ့အား ဤမျှအထိဆွဲဆောင်နိုင်လိမ့်မည်ဟု လုံးဝမတွေးထားဖူးချေ။ အမှန်တွင် သူက အသားစားရခြင်းကို ပိုခုံမင်သူဖြစ်သည်။

ရေဟင်းနုနယ်ကြော်ချက်နည်းမှာ အလွန်ရိုးရှင်းလှသည်။ သို့သော် အရွက်များကို သေချာကြည့်မိမည်ဆိုပါလျှင် ထိုအရွက်များက စိမ်းဖန့်ဖန့်အရောင်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း သိရပေလိမ့်မည်။ အရွက်များက အရောင်အသွေးကောင်းမွန်လှပြီး ချွဲကျိကျိမဖြစ်ပေ။ ၎င်းမှာ ဤဟင်းလျာမျိုးတွင် မြင်ရခဲသည်။

လယ်စိုက်ကြမယ်Where stories live. Discover now