chapter 25

117 15 0
                                    

Chapter 25
April 12, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 25

နာမည်ကြီးလာခြင်း (အပိုင်းသုံး)

သတင်းအချက်အလက်ဆက်သွယ်ရေး တိုးတက်လာသည်နှင့်အမျှ CU၏ ကျောင်းသားအသစ်များသာမက အဟောင်းများပါ တက္ကသိုလ်ကန်တင်း၏ ကိစ္စရပ်အဖြာဖြာကို သတိထားမိလာကြသည်။

Dနိုင်ငံဇာတိဖြစ်သော ဟန်က မကြာသေးမီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သော CUဘွဲ့ကြိုကျောင်းသားတစ်ဦးဖြစ်သည်။ ဟန်က နိုင်ငံရပ်ခြားသို့ ပညာသင်ကြားရန်မရွေးချယ်မီ တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးပြီး ဤနိုင်ငံအပေါ် ကောင်းမွန်သောအမြင်တစ်ခုရှိထားသည်။ တရုတ်အစားအစာများအပေါ်  အပြုသဘောဆောင်သော အမြင်လည်းရှိသည်။

သူက တရုတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ် နေ့စဉ်ဘဝကို အလွယ်တကူညှိယူနေထိုင်ခဲ့ပြီး တရုတ်ပြောင်းဖူးကို အရယူရန်အတွက် သူ့အခန်းဖော်များနှင့်အတူ ကန်တင်းကို စိတ်အားထက်သန်စွာ ထွက်လာခဲ့ကြသည်။

အမှန်တွင် ဟန်က ကန်တင်းကို ပထမဆုံးအကြိမ်ရောက်လာဖူးခြင်းဖြစ်သော်လည်း စနိုးစနောင့်ဖြစ်နေခြင်းမျိုးမရှိချေ။ ကန်တင်းတွင် လူကြိတ်ကြိတ်တိုးနေသောကြောင့် အနည်းငယ်ရှက်နေမိရုံသာ။ ထမင်းစားချိန်တွင် မည်သည့်ကန်တင်းကိုသွားသွား ကန်တင်းတိုင်းက အမြဲတမ်းပြည့်ကျပ်နေတတ်သည်။ ကန်တင်းတွင် လူများလွန်းသောကြောင့် သူ အပြင်ထွက်စားချင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ့အခန်းဖော်က ဟန်ကို တားလိုက်သည်။ ထို့ကြောင့် ဟန်က သူ့ဆုံးဖြတ်ချက်ကို နောင်တရနေရမည့်ကိစ္စမျိုး ရှိမလာတော့ချေ။

အခန်းဖော်၏အကူအညီဖြင့် ဟန်က ကန်တင်းတွင် သူ၏ပထမဆုံးနေ့လယ်စာကို မှာယူရန် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ အခန်းဖော်၏အကြံပြုချက်အတိုင်း ခြင်္သေ့ခေါင်းစွပ်ပြုတ်၊ ကြက်သွန်ဖြူအရသာရှိသောနံရိုးနှင့် ဂေါ်ဖီထုပ်ကြော်တို့ကို မှာယူခဲ့သည်။

လယ်စိုက်ကြမယ်Where stories live. Discover now