chapter 15

115 11 0
                                    

Chapter 15
April 11, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 15

အစားအသောက် ရီဗျူး

ရှောင်ပိုင်သာ ထိုမှတ်ချက်များကိုမြင်ပါက သူလည်း ထိုမှတ်ချက်များကို ထောက်ခံလိမ့်မည်သာ။ စွေ့ချီချောင်းက စင်စစ်ရက်စက်လှသော အသည်းနှလုံးပိုင်ရှင် လယ်သမားနတ်ဘုရားပင်။ ဤမိစ္ဆာကောင်ကြီးက ကန်တင်းအနောက်ဘက်ရှိ မြေကွက်အသေးလေးကို ဘဲမွေးမြူရန်ဟုဆိုကာ အကာအရံများဖြင့် ပိတ်ဆို့ထားချေသည်။

စွေ့ချီချောင်းက ဘဲပေါက်တစ်ဒါဇင်မျှ ရွေးချယ်၀ယ်ယူရန်အတွက် လယ်သမားဈေးကို သီးသန့်သွားရောက်ခဲ့သည်။ တစ်ကောင်ချင်းစီက အဝါဖျော့ရောင်တောဝမ်းဘဲမျိုးဖြစ်ပြီး နှစ်မျိုးအသုံးဝင်လေသည်။ သူတိုက ဥလည်းရနိုင်သလို အသားလည်းဖြစ်၏။ ထိုဘဲများဥသော ဘဲဥများက အထွက်နှုန်းမြင့်ပြီး ထိုဘဲများက မည်သည့်ပတ်ဝန်းကျင်တွင်မဆို ရှင်သန်နေထိုင်နိုင်ကြသည်။

ထိုဘဲများကို ကာကွယ်ဆေးထိုးထားပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးပေးထားသည်။ သို့သော် လတ်တလောတွင် သူတို့ကို ဘဲခြံထဲတွင်သာ ထည့်ထားရပြီး အရွယ်ရောက်လာမှသာ ရေထဲကို လွှတ်ပေး၍ ရမည်ဖြစ်၏။

ရေအတွက်ကမူ သေချာပေါက် ကျောင်းထဲရှိ ကြာပန်းရေကန်ကြီးရှိသည်သာ။

စွေ့ချီချောင်းက ကြောင်လေးကို ဘဲများရှိရာဆီသို့ ခေါ်လာသည်။

"ဒီမှာ ထိန်းစရာ ဘာသိုးမှမရှိဘူး… ဒါပေမဲ့ ဘဲတွေတော့ ထိန်းလို့ရတယ်… ဘယ်သိုးထိန်းကြောင်က ကြက်တွေဘဲတွေကို ညီညီညာညာ နေထိုင်ပြုမူတတ်အောင် မထိန်းကျောင်းနိုင်လို့လဲ..."

သိုးထိန်းကြောင်ပင် မဆိုထားနှင့် ဤခေတ်ရှိသိုးထိန်းခွေးများပင် သိုးထိန်းနိုင်စွမ်းမရှိတော့ချေ။

ရှောင်ပိုင် : " ...."

ဘာလို့...ဘာလို့ စိုက်ပျိုးရေးမှာကူလုပ်ပေးဖို့ ဆွဲခေါ်ခံလိုက်ရတာလဲဟ....

ယခုလက်ရှိတွင် ရှောင်ပိုင်ထံ၌ အတွေးတစ်ခုသာရှိသည်။

အဲဒီအစား မီးကွင်းခုန်တာကိုသင်လိုက်ရင် ပိုကောင်းမလား…

လယ်စိုက်ကြမယ်Where stories live. Discover now