chapter 7

137 17 0
                                    

Chapter 7
April 11, 2024
🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 7

အစပ်အရသာ

ရသာရုံတောအုပ်လေး၏ အဓိကအမှတ်သညာဟင်းလျာတိုင်းက အစပ်ဟင်းလျာများသာဖြစ်၏။ စားသောက်ဆိုင်တွင်သုံးသည့် ငရုတ်သီးအားလုံးကို အလွန်စပ်လှသည့် ငရုတ်သီးများသာ အထူးတလှယ်ရွေးချယ်ထားခြင်းပင်။ ထိုအကြောင်းပြချက်ကြောင့် စီချွမ်ငါးအသားပြုတ်၊ ကြက်ခြေထောက်အစပ်နှင့် ခန်ပေါင်ကြက်သားဟင်းလျာတို့က အလွန်နာမည်ကြီးလေသည်။

ရသာရုံတောအုပ်လေး၏ တက္ကသိုလ်ဆိုင်ခွဲ စတင်ဖွင့်လှစ်ချိန်ကတည်းက သူတို့၏ စီးပွားရေးက အလွန်ဖြစ်ထွန်းအောင်မြင်ပြီး သူတို့ဟင်းလျာများကလည်း နန်ဟိုင်မြို့တော်တစ်ဝိုက်ရှိ စားသုံးသူများကို ဆွဲဆောင်ထားနိုင်သည်။ သူတို့၏အစပ်ဟင်းလျာများက အင်တာနက်ပေါ်တွင်ပါ ရေပန်းစားနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ဟင်းလျာများက အလွန်စပ်ပြီး စားသုံးသူတို့ကို မျက်ရည်လည်သွားအောင် ပြုလုပ်နိုင်ပေသည်။

မကြာသေးမီအချိန်အတွင်း ပထမကန်တင်းကို ခဏဖယ်ထားလိုက်လျှင် CUကျောင်းသားများနှင့် ဝန်ထမ်းများအကြား ရေပန်းအစားဆုံးစားသောက်ဆိုင်မှာ ရသာရုံတောအုပ်လေးဖြစ်၏။

သို့သော် ထိုနှစ်နေရာစလုံးက သူ့အမှတ်သညာနှင့်သူ တစ်မျိုးစီထူးခြားနေသည်။ ကန်တင်းအစားအသောက်များက သူ့မူနှင့်သူရှိကြသည်သာ။ ထို့ပြင် ပထမကန်တင်း၏အောင်မြင်မှုမှတ်တမ်းကလည်း အချိန်အတော်ကြာလာခဲ့ပြီဖြစ်သည်။

ဤရက်ပိုင်းများတွင် CUအတိုင်ပင်ခံများ၏အဆောင်ခန်း၂၀၁တွင် ပထမကန်တင်း၏ဟင်းလျာများနှင့် ရသာရုံတောအုပ်လေးဆီမှ အထင်ကရဟင်းလျာများက တရားမဝင်ပြိုင်ဆိုင်မှုအသေးစားလေးတစ်ခု ဖြစ်ပွားလျက်ရှိသည်။

အတိုင်ပင်ခံရှောင်ချင်၊ ရှောင်ချန်းနှင့် ရှောင်ကျိုးတို့က ယခုလေးတင် ပထမကန်တင်းမှပြန်လာခြင်းပင်။ သူတို့က ရေပန်းအစားဆုံး CUကန်တင်းတွင် ထမင်းစားရန်သွားသော်လည်း နောက်ကျသွားသည့်အတွက် ဂေါ်ဖီထုပ်ကြော်၊ ပဲပင်ပေါက်အမဲသားဟင်း၊ လတ်လတ်ဆတ်ဆတ်ပါဝင်ပစ္စည်းသုံးမျိုးပါဝင်သော တို့ဟူးဟင်းနှင့် အခြားဟင်းများကိုသာ အော်ဒါမှာလိုက်ရတော့သည်။

လယ်စိုက်ကြမယ်Where stories live. Discover now