chapter 5

230 29 2
                                    

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]
Ch 5
ပထမကန်တင်းမှ အပြောင်းအလဲများ

စွေ့ချီချောင်း ဟင်းပွဲနှစ်ပွဲ စမ်းစားကြည့်ပြီးသောအခါ  မျက်နှာအမူအရာပြောင်းလဲသွားရ၏ ။
" ဝါး ... ဆိုးရွားလိုက်တာ..."

ဟင်းပွဲတွင်ပါ၀င်သော ပါ၀င်ပစ္စည်းအများစုကို သူ မသိပေ။ သို့သော်လည်း သူ၏နားလည်မှုကြောင့် ဟင်းပွဲအရသာမှတစ်ဆင့် ချက်ပြုတ်သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်၏။ ချက်ပြုတ်မှုပုံစံမှာ အစီအစဥ်မကျရုံသာမက  ပါ၀င်ပစ္စည်းများ၏ အရသာလိုက်ဖက်မှုကိုလည်း ထည့်သွင်းစဥ်းစားထားခြင်းမရှိပေ ။

ဟင်းခတ်အမွှေးအကြိုက်များကလည်း တစ်ခုနှင့်တစ်ခုအစပ်အဟပ်မတည့်ချေ။ သူက ပိုင်ရှင်သူဌေးတစ်ဦးဖြစ်သော်လည်း အောက်ခြေအတွင်းပိုင်း၌ သူ မသိသေးသည့်ကိစ္စများစွာ ရှိပုံရသည်။ ယခုအချိန်ထိ အခြေခံပြဿနာများကို မဖြေရှင်းရသေးပေ။

စွေ့ချီချောင်းမှာ သဘာ၀အားဖြင့် အပင်များနှင့် နီးနီးကပ်ကပ်နေထိုင်လေ့ရှိသောကြောင့် သူတို့၏စရိုက်များကိုအစိတ်အပိုင်းတစ်ခုချင်းစီ နက်နက်ရှိုင်းရှိုင်းနားလည်၏ ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ပင်တို့၏ အဆုံးသတ်အတွက်  ပို၍ပင်စိတ်မကောင်းဖြစ်နေရသည် ။

“ ဒီတိုင်းဆိုရင် မဖြစ်တော့ဘူး …”
စွေ့ချီချောင်း ညည်းညူလိုက်မိသည်။

ဘယ်လိုလုပ်ပြီး ငါ့ဆိုင်ကစားဖိုမှူးရဲ့လက်ရာက ဒီလောက်ထိ ဆိုး၀ါးနေရတာလဲ ...

ဤကဲ့သို့ ဆိုး၀ါးသောအရသာရှိသည့် ဟင်းများအား ကျောင်းသားမည်မျှ နေ့တိုင်းစားသောက်နေရကြောင်းသူ မသိချေ။ သူတို့ အလွန်နာကျင်စွာဖြင့် နေ့တိုင်းသည်းခံ စားနေရလောက်သည်။ နောက်ဆုံး၌ နှစ်ဆယ့်တစ်ရာစုသို့ရောက်နေပြီဖြစ်သော်လည်း ကျောင်းသားများမှာ သနားစရာကောင်းနေကြဆဲပင်။

စွေ့ချီချောင်း သူ့အချိန်စာရင်းကို တစ်ချက်စစ်ဆေးလိုက်ပြီးနောက် ငရုတ်ပင်များကို စစ်ဆေးရန်နှင့် အခြားသောအပင်မျိုးများ ထပ်မံရှာဖွေရန်သာမက ဟင်းပွဲများကို တစ်ပွဲချင်းစီပြင်ဆင်ရန်အတွက်ပါ အချိန်ဖယ်ထုတ်နိုင်ခဲ့သည် ။

လယ်စိုက်ကြမယ်Where stories live. Discover now