အခန်း၃။ သေဆုံးရသည့်အကြောင်းအရင်း

175 23 0
                                    

အခန်း၃။ သေဆုံးရသည့်အကြောင်းအရင်း

မျက်လုံးများကို အားယူပြီး ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည်က ငိုကြွေးနေသော လီခယ့်ပင် ဖြစ်လေသည်။ အဆိုပါ လူငယ်ကို သူမသိသော်လည်း စိတ်ထဲတွင် ရင်းနှီးသလို ခံစားရသည်။ ရှုပ်ထွေးနေသော အတွေးများကို စုစည်းလိုက်သောအခါမှာတော့ သူသည် ရေတွင်းထဲပြုတ်ကျကာ တိမ်းပါးသွားခဲ့ပြီဖြစ်သော မင်းသား၊ ထိုက်ကျုံးဘုရင်၏ ခြောက်ယောက်မြောက်သားတော် လီယင်၏ အသက်မဲ့နေသော ခန္ဓာကိုယ်အတွင်းတွင် အသက်ပြန်ရှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားလေတော့သည်။

“ မီးစင်ကြည့်ကဖို့ အချိန်ရောက်ပြီပဲ ”

တဖြည်းဖြည်းပြန်လည်ရရှိလာသော မှတ်ဉာဏ်များနှင့်အတူ လီယင်တစ်ယောက် စိတ်ပျက်လက်ပျက်ပြုံးရင်း တွေးလိုက်မိသည်။ သူ ဤကို ရောက်လာသည်မှာ ထန်နိုင်ငံတော်ကြီးဆီ ခဏအလည်လာရုံလာပြီး ပြန်မည်ဟူသော ရည်ရွယ်ချက်ဖြင့်သာ။ ယခုတော့ သူကိုယ်တိုင် ဤနိုင်ငံသားဖြစ်နေချေပြီ။

“ လက်စွပ် ….. ငါ့လက်စွပ်ရော ”

ရုတ်တရက် လက်စွပ်ကို သတိရသွားပြီး ထိတ်လန့်တကြားထရပ်ကာ အော်လိုက်တာကြောင့် ငိုကြွေးနေရှာတဲ့ လီခယ့်တစ်ယောက် လိပ်ပြာလွင့်သွားမတတ် လန့်သွားသည်။

“ ဒီဟာကိုပြောတာပါလား၊ အရှင့်သား ”

လီခယ့်၏ အနောက်ဘက်ဆီမှ စကားသံနှင့်အတူ ရေတွင်းအောက်ခြေမှ သူကောက်ရခဲ့သော ကြေးလက်စွပ်လေးကို ညာဘက်လက်ထဲတွင် ကိုင်ထားလျက် အိမ်တော်ထိန်းကျင်းတချမ်သည် ရှေ့သို့ တိုးလာသည်။

ကျင်းတချမ်၏ လက်ထဲမှ လက်စွပ်ကလေးကိုကြည့်ပြီး လီယင် အားရဝမ်းသာပြုံးလိုက်မိသည်။ လက်စွပ်ရှိနေသေးသရွေ့ သူ့ကမ္ဘာဆီ ပြန်သွားနိုင်သည်မဟုတ်ပါလား။

သတိပြန်လည်လာရုံသာမက ရွှင်မြူးနေသော လီယင်ကိုတွေ့ပြီး လီခယ့်သည်လည်း ပြန်လည်ပျော်ရွှင်လာကာ မျက်ရည်များကို သုတ်ပစ်လိုက်‌တော့သည်။ စိတ်‌ပျော်ရွှင်သွားသည်နှင့် တပြိုင်နက် လီခယ့်၏ မျက်နှာသည်လည်း ပြန်လည်အေးချမ်းသွားလေသည်။ သို့သော်

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now