အခန်း၂၅။ စီးပွားရေးလုပ်ငန်းအသစ်။

99 9 0
                                    


ပြင်‌ပဈေးကွက်ထဲတွင် ခေါင်းလျှော်ရည်ကို စတင်ရောင်းချသောအခါ ခေါင်းလျှော်ရည်ကို လေလံဆွဲကာ ဝယ်ယူကြရသည်အထိ ချမ်အန်းမြို့တွင် ပွက်လောရိုက်သွားလေသည်။ လီယင်ထံမှ ပစ္စည်းဝယ်ယူသွားကြသော ကုန်သည်သုံးဦးမှာလည်း ၎င်းတို့လက်ထဲ ပစ္စည်းပြတ်သွားသဖြင့် လီယင့်ထံ အလောတကြီးထပ်မှာနေကြတော့သည်။

သို့သော် ဤကဲ့သို့ ပွက်လောရိုက်သည်မှာ ခေတ္တသာ။ မကြာခင်အတွင်းမှာပင် ခေါင်းလျှော်ရည်ရောင်းအားမှာ ငြိမ်ကျသွားလေသည်။ ယခုအခါ မင်းမျိုးမင်းနွယ်များအားလုံးနှင့် မျိုးရိုးမြင့်မိသားစုမှ အမျိုးသမီးများအားလုံးလက်ထဲတွင် ခေါင်းလျှော်ရည်ရှိနေကြပေပြီ။ ၎င်းတို့အတွက် ခေါင်းလျှော်ရည် တစ်အိုးသည် တစ်လခန့်သုံးလို့ရသည်ဖြစ်၍ ချက်ချင်းထပ်ဝယ်စရာ မလိုသည့်အပြင် သာမန်လူတန်းစားများမှာလည်း ဤကဲ့သို့ ပစ္စည်းကောင်းမျိုးကို ဝယ်သုံးနိုင်လောက်အောင် ငွေကြေးမတတ်နိုင်ကြပေ။

တဟုန်ထိုးအရောင်းသွက်ပြီးသည့်နောက် ဤကဲ့သို့ဖြစ်လာနိုင်သည်ကိုလည်း လီယင်က ကြိုတင်တွက်ဆထားပြီးသား ဖြစ်လေရာ သိပ်မတုန်လှုပ်ပေ။ ‌အမှန်စင်စစ် စိတ်အေးလက်အေးနေရသည့်အတွက် ပျော်တောင်ပျော်သေးသည်။ အနာဂတ်ခေတ်သို့ သွားလိုက်ပြန်လိုက်လုပ်နေရသည်မှာ ပင်ပန်းလှပေသည်။

“ ဘယ်ဘက်။ မဟုတ်ဘူး ညာဘက်။ မဟုတ်ဘူး ဘယ်ဘက်။ … ”

စုမောအာ၏ မျက်နှာသေးသေးလေးမှာ ရှက်ရွံ့စိတ်ဖြင့် နီရဲနေပြီး မကျေနပ်စိတ်ဖြင့် အံကိုကြိတ်ထားလေသည်။ အရှင့်သားတော် ခြောက် သည် သူမအပေါ် အခွင့်ကောင်းယူရန်ကြိုးစားနေသည်မှာ ပိုပိုဆိုးလာ‌ချေပြီ။

အခုလည်း သူ၏ နောက်ကျောကို ကုတ်ခိုင်းပြီး စုမောအာက ညာဘက်ကို ကုတ်ပေးလျှင် ဘယ်ဘက်က ယားတယ်ဟုပြော၊ ဘယ်ဘက်ကို ကုတ်ပေးလျှင် ညာဘက်ကယားတယ်ဟုပြောနေသောကြောင့် မိနစ်အနည်းငယ်ကြာသွားသည်အထိ သူယားသည့်နေရာကို ကုတ်မပေးနိုင် ဖြစ်နေရလေတော့သည်။

အိမ်တော်တွင် ငွေပိငွေလျှံရှိလာသည်နှင့် ကျင်းတချမ်သည် အိမ်တော်ရှိ အမျိုးသမီးအစေခံ လေးဦးရှိသည့်အနက်မှ သုံးဦးကို လူပြောင်းလိုက်လေသည်။ အသက် ၁၄နှစ်ခန့်သာ ရှိသေးသော် ယွင်အာမှအပ အခြားသုံးဦးမှာ အသက်၂၀ကျော်ပြီဖြစ်ကြရာ ၎င်းတို့၏ နောက်ဆုံးလုပ်အားခများကို ယူပြီး အိမ်သို့ပြန်သွားကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now