အခန်း၂၃။ လီယင်၏ညီမတော် မင်းသမီးလေးများ(၁)

102 10 0
                                    

“ ရှီးကျီ ”

လီယင်က အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ အဆိုပါ ငါးနှစ်အရွယ် ကလေးမလေးမှာ ဧကရီဘုရင်မချန်စွန်းမှ ‌မွေးဖွား‌ထားသော ကျင်းယန်မင်းသမီးလေး ( အမည်ပြောင်မှာ စစ်ကျီ) ပင် ဖြစ်ပေသည်။ ကျန်မိန်းကလေးသုံးဦးမှာလည်း လီယင်၏ ဝမ်းကွဲနှမတော်များ ဖြစ်ကြသော မင်းသမီးလီယွဲ့၊ မင်းသမီး ချန်လဲ့လီလီကျစ်နှင့် မင်းသမီးချင်းဟဲ လီကျင့်ပင် ဖြစ်လေသည်။ သူတို့အားလုံးသည် လီယင်ရှိနေသော လှေပေါ်သို့ စိတ်ဝင်စားမှုအပြည့်ဖြင့် လှမ်းကြည့်နေကြသည်။

“ အစ်ကိုတော်ခြောက် ”

တစ်ယောက်ပြီးတစ်ယောက် လှေဦးသို့ လျှောက်လာကာ အခြားလှေထဲမှာ ထိုင်နေသော လီယင်ကို ချိုသာစွာ နှုတ်ဆက်ကြလေသည်။

လီယင်၏ လှေပေါ်မှ လူငယ်များမှာ အဆိုပါ မိန်းမချောလေးများကို တွေ့သောအခါ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ပဲ မိန်းမောသွားပြီး ၎င်းတို့က လီယင်ကို အစ်ကိုတော်ခြောက်ဟု ခေါ်လိုက်သည်ကို ကြားသောအခါ သူတိျု့ခါင်းထဲ အသိတစ်ခု ဝင်လာလေသည်။

ထိုအသိအတိုင်း ပထမဆုံးတုံ့ပြန်သူမှာ ရှောင်လွေ့ဖြစ်လေသည်။ ရှောင်လွေ့သည် နေရာမှ ချက်ချင်းထကာ ယဉ်ကျေးသော လူကြီးလူကောင်းတစ်ယောက်အသွင် ချက်ချင်းပြောင်းလဲသွားပြီး တလေးတစားနှင့် ဦးညွှတ်လိုက်လေသည်။

“ လက်ရှိဝန်ကြီးချုပ် ရှောင်ယွီရဲ့သား ရှောင်လွေ့က မင်းသမီးများကို နှုတ်ခွန်းဆက်သပါတယ်။ ”

“ ကုန်သွယ်ရေးဝန်ကြီးရဲ့ သား၊ လုပါးယန်ကလည်း ‌တော်ဝင်မင်းသမီးများကို နှုတ်ခွန်းဆက်သပါတယ်။ ”

“ … ”

တစ်သံထက်တစ်သံ ပိုကျယ်သော အသံနှစ်သံထွက်ပေါ်လာသော်လည်း အခုထိ အရက်အလွန်အကျွံမူးလျက်ရှိသော ချမ်ဟွိုက်လျန့်မှာ သူ၏တုတ်ချောင်းများနှင့် ဆော့လို့ကောင်းဆဲဖြစ်သည်။ ထို့ကြောင့် ချမ်ဟွိုက်လျန့်ကို သူတို့နှင့်အတူပါလာသည်ဟု မင်းသမီးလေးများထံမှ တတ်နိုင်သမျှ အနည်းဆုံး အထင်မခံရအောင် အားလုံးသည် ချမ်ဟွိုက်လျန့်နှင့် ဝေးရာကို ရွှေ့သွားကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now