အခန်း၁၄။ နာမည်ကျော်ကြားခြင်း

129 16 0
                                    

အခန်း၁၄။ နာမည်ကျော်ကြားခြင်း

ဘဏ္ဍာထိန်းကောင်းမှာ သူ့နားသူပင် မယုံနိုင်ဖြစ်သွားသည်။

“ ခင်ဗျား တကယ်ပြောနေတာလား။ အခါတိုင်းဆို မင်းသားက ကျုပ်တို့ရဲ့ လုပ်အားခတွေကိုတောင် ဖြတ်သေးတာလေ ”

“ အခုက အဲ့လို မဟုတ်တော့ဘူးဗျ။ အတိတ်တုန်းကသာ အဲ့လိုဖြစ်ခဲ့တာ။ အရှင့်သားကိုယ်တိုင် ကျုပ်ကိုပြောတာဗျ။ ရေတွင်းထဲကို ပြုတ်ကျပြီးကတည်းက အရှင့်သားရဲ့ ပြောင်းလဲလာမှုကို ခင်ဗျား သတိမထားမိဘူးလား။ အရှင့်သားက အခုဆို မနက်ခင်းနိုးလာတိုင်း ကျုပ်ကို ပြုံးပြပြီး နှုတ်ဆက်တယ်။ စားဖိုဆောင်ထဲမှာ ကျုပ်ရဲ့ တတိယသားငယ်လေးက အမှားလုပ်မိတဲ့အချိန်တုန်းကလည်း ကျုပ်က ရိုက်မယ်လုပ်တော့ အရိုက်မခံဘူး။ မသိတာကို သိအောင် သင်ယူဖို့သာ အဓိကပဲလို့တောင် ကျုပ်ကို ပြောလိုက်သေးတယ်။ ”

ကျင်းတချမ်က မင်းသားတော် ခြောက် ၏ ပြောင်းလဲလာမှုများကို ပြောပြလေသည်။

“ အရှင့်သားသာ အမြဲ ဒီလိုပဲဖြစ်နေရင်တော့ ကောင်းမှာပဲ‌ဗျာ။ တကယ်က ကျုပ်က ဒီအလုပ်ကနေ နှုတ်ထွက်ဖို့ ကြံစည်ထားတာဗျ။ ခင်ဗျားအခုလို ပြောလိုက်တောင် ကျုပ်တောင် နည်းနည်းတွေဝေသွားပြီ။ ”

ဘဏ္ဍာထိန်းကောင်းက ဆိုလာသည်။

ထိုအချိန် ကျင်းတချမ်က စားပွဲခုံကို ဘုန်းကနဲ ပုတ်လိုက်သောအခါ ဘဏ္ဍာထိန်းမှာ လန့်သွားလေသည်။

“ ခင်ဗျားကို နှုတ်ထွက်မသွားဖို့ ကျုပ်အကြံပေးချင်တယ်။ ရှေ့လျှောက် ကုန်သွယ်ရောင်းဝယ်ရေး အဆင်ပိုပြေလာရင် ကျုပ်တို့တွေ အားလုံးကို လုပ်အားခတွေ အများကြီးတိုးပေးမယ်လို့ အရှင့်သားက ပြောတယ်ဗျ။ ကျုပ်လည်း အရင်တုန်းက နှုတ်ထွက်ဖို့ ကြိုးစားခဲ့သေးတယ်။ အခုတော့ ကျုပ်ဖြင့် ထွက်ကိုမသွားချင်တော့ဘူး။ ”

ကျင်းတချမ်ကလည်း ဆိုလိုက်ရာ ဘဏ္ဍာထိန်းကောင်းသည် သဘောကျစွာဖြင့် သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ရယ်မောလိုက်၏

“ ဖြစ်မှဖြစ်ရလေ မိတ်ဆွေကြီးရယ်။ ”

ကျင်းတချမ်သည်လည်း သူ၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို တသိမ့်သိမ့်လှုပ်ကာ ရယ်မောနေလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now