အခန်း၂၂။ ချွီကျန်းမြစ်ပေါ်တွင် လှေစီးခြင်း

110 10 0
                                    

ထန်မင်း‌ဆက်ခေတ်က စိတ်အပန်းဖြေစရာနေရာများ ရှားပါးလှပေသည်။ ထို့ကြောင့် အချိန်ပြည့်အားလပ်နေသူများသည် အားလပ်ချိန်များကို အချိန်ကုန်ဆုံးရန်နေရာကို ခက်ခက်ခဲခဲစဉ်းစားစရာ မလိုပေ။ ၎င်းတို့ပြောသော ရေကန်ဆိုသည်မှာလည်း ချမ်အန်းတွင် တစ်ခုတည်းရှိသည့် ချွီကျန်းမြစ်ပင် ဖြစ်လေသည်။

နွေရာသီရောက်သည့်အခါတိုင်း ချွီကျန်းမြစ်ကမ်းပါးတွင် ကဗျာဆရာများ၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် အဆိုရှင်မိန်းကလေးအုပ်များဖြင့် စည်ကားလျက်ရှိပေသည်။ ဤသို့ စည်ကားနေရခြင်း၏ ပထမအချက်မှာ ဤချွီကျန်းမြစ်သည် အပူရှောင်ရန် အကောင်းဆုံးနေရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဒုတိယအချက်မှာ ချွီကျန်းမြစ်‌နံဘေးရှိ သဘာဝရှုခင်းမှာ အလွန်လှပသောကြောင့် ဖြစ်ပေသည်။ တတိယအချက်မှာ အရေးအကြီးဆုံးပင်တည်း။ မိန်းမလှလေးများနှင့် အရည်အချင်းရှိသောသူများ စည်ကားလျက်ရှိသောကြောင့်ပင် ဖြစ်ချေသည်။

“ ရေကန်ဆီ ထပ်သွားဦးမလို့လား။ မင်း လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ သွားထားတာ မဟုတ်ဘူးလား။ ” ဟု ချမ်ဟွိုက်လျန့်က မေးသည်။

ချမ်ဟွိုက်လျန့် စစ်တပ်ထဲတွင်မွေးဖွားလာသူဖြစ်သည့်အတွက် ကဗျာတွေ၊ စာတွေအကြောင်း မနှစ်သက်ပေ။ ထို့ကြောင့် လုပါးယန်၏ အကြံပြုချက်ကို စိတ်မဝင်စား။

“ ပြီးတော့ မင်း ဒီလိုပုံမျိုးနဲ့ရော သွားလို့ဖြစ်လို့လား။ ” ဟု ဆက်မေးလိုက်သည့်အခါမှာတော့ လုပါးယန်မှာ အနာပေါ် တုတ်ကျသကဲ့သို့ဖြစ်ကာ -

“ မင်းက ငါ့ကို ဒီလိုပြောရဲတယ်ပေါ့။ ရတယ်လေ။ ငါလည်း အခုပဲ မင်းအဖေကို အပြစ်ပေးခိုင်းဖို့ အသနားခံစာတင်လိုက်တော့မယ်။ ” ဟု စိတ်လိုက်မာန်ပါ ပြောလိုက်သည်။

ထိုအခါမှ ချမ်ဟွိုက်လျန့်က စကားမှားမှန်းသိကာ -
“ မလုပ် … မလုပ်ပါနဲ့ကွာ။ ငါမှားသွားပါတယ်။ ငါပါ မင်းနဲ့အတူလိုက်ခဲ့မယ်လေ။ ” ဟု နောင်တရကာ သနားစဖွယ်တောင်းပန်လေသည်။

ဤသို့ဖြင့် ၎င်းတို့နှစ်ဦးလည်း သဘောတူညီချက်ရသွားပြီး လီယင်ကို လှမ်းကြည့်ကြလေသည်။ လီယင်လည်း ဘာမှလုပ်စရာ မရှိသည်နှင့် လိုက်သွားရန် သဘောတူလိုက်သည်။ ထန်မင်းဆက်ခေတ်ကို ရောက်ပြီးသည့်နောက်မှတော့ တစ်ချိန်လုံးငွေရှာနေရုံနှင့်မဖြစ်။ ဤခေတ်မှ အလှအပရှူခင်းများကိုလည်း မြင်ဖူးသည်ရှိအောင် ကြည့်ရပေမည်။ ဒါမှသာ ဒီဘဝကြီးက အဓိပ္ပါယ်ရှိပေလိမ့်မည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now