အခန်း၂၈။ ဝိုင်းကောင်း

91 9 0
                                    

လီယင်သည် လီရှစ်မင်ကို တချက်အကဲခတ်လိုက်သည်။ မှတ်မိနေသည့်ပုံထက် အနည်းငယ်ဝလာသော်လည်း မျက်နှာမှာ တင်းမာပြတ်သားနေဆဲဖြစ်သည်။ တိုက်ရည်ခိုက်ရည်ရှိသော သဏ္ဌာန်ကို မည်သည့်နည်းနှင့်မျှ ဖုံးကွယ်၍မရနိုင်ပေ။

နန်းတော်ထဲတွင် သားသမီးများအားလုံး လူစုံတက်စုံရောက်နေကြသဖြင့် လီရှစ်မင်၏ အပျော်မှာ မျက်လုံးတွင် ပေါ်နေလေသည်။

“ သားတော်၊ သမီးတော်တို့ ထိုင်ကြတော့ ”

“ ကျေးဇူးကြီးလှပါတယ် ခမည်းတော်။ ”

လီရှစ်မင်နှင့် ဧကရီချန်စွန်းတို့သည် စားပွဲ၏ အဓိကကျသော နေရာတွင် ထိုင်လိုက်ကြသည်။ ထို့နောက် လီရှစ်မင်က -

“ ဒီနေ့က မိသားစုညစာစားပွဲမို့ ဘာမှချုပ်တည်းနေစရာမလိုဘူး‌။ ဗိုက်ပြည့်အောင်စားကြ။ ကဲ … စားကြ စားကြ။ ” ဟု ပြုံးကာ ပြောလိုက်သည်။

အရှင်မင်းကြီး လီရှစ်မင်၏ စကားဆုံးသည်နှင့် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာပြီး မြေကြီးထိအောင်ရှည်လျားသော ဂါဝန်အနီရောင်များကို ဝတ်ဆင်ထားကြသည့် သီဆိုဖျော်ဖြေသူများသည် ခန်းမအပြင်မှ အတွင်းထဲသို့ ဝင်ရောက်လာကြကာ ပေါ့ပါးစွာကပြဖျော်ဖြေကြပြီး ခန်းမကြီးတစ်ခုလုံးသည်လည်း အသံစုံ ဆူညံသွားတော့သည်။

လီယင်၏ရှေ့တွင် ထောင့်မှန်စတုဂံပုံ သစ်သားစားပွဲတစ်ခုရှိပြီး စားပွဲပေါ်တွင် တော်ဝင်စားဖိုဆောင်မှ ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလျာများနှင့် ဝိုင်များ တင်ထားလေသည်။ ဟင်းလျာတိုင်းကို တစ်ယောက်စာစီ ထည့်ပေးထားသဖြင့် လူတိုင်းတွင်တစ်‌ယောက်စာအမယ်စုံရှိနေသည့် ပုံစံကြောင့် ဘူဖေးပန်းကန်ကဲ့သို့ပင် လီယင် ထင်မိလေသည်။

အလှပဂေးလေးများ၏ ရင်သပ်ရှုမောဖွယ်အကများ၊ နားဝင်ချိုလှသော ဂန္တဝင်တေးသွားများ၊ တင့်တယ်ကျက်သရေရှိလှသော ခေါင်းလောင်းထိုးသံ၊ အရသာရှိလှသော စားကောင်းသောက်ဖွယ်များကို တွေ့ကြုံခံစားလိုက်ရသဖြင့် လီယင်လည်း ညစာစားပွဲကို မတက်ရောက်ချင်ခဲ့သောစိတ်တို့ပင် တဖြည်းဖြည်း ကွယ်ပျောက်သွားလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Tempat cerita menjadi hidup. Temukan sekarang