အခန်း၁၂။ ပထမခြေလှမ်း

138 15 0
                                    

အခန်း၁၂။ ပထမခြေလှမ်း

လာရင်းကိစ္စ ပြီးမြောက်သွားသည်နှင့် လီယင်ကတော့ ကြာကြာဆက်မနေတော့ပဲ စံအိမ်ဆီသို့သာ ပြန်ခဲ့သည်။ အခြားလူတို့၏ အတင်းအဖျင်းစကားများကို သူမကြားလိုပေ။

အိမ်တော်သို့ ပြန်ရောက်သည့်အခါ ကျန်ခေါင်းလျှော်ရည်အိုးများကို လေလုံအောင်ပိတ်ထားရန် ကျင်းတချမ်အား မှာကြားလိုက်ပြီး ဝယ်သူအလာကိုသာ ထိုင်စောင့်နေတော့သည်။

နန်းတွင်းတွင်တော့ ကြင်ယာတော်ယန်မှာ ခေါင်းလျှော်သည့်အခါ အပင်ကြိတ်ရည်ကို လုံးဝမသုံးတော့ပေ။ တသက်လုံးသုံးလာခဲ့သော ပစ္စည်းဖြစ်သော်လည်း ယခု‌ခေါင်းလျှော်ရည် ရပြီးသည့်နောက်မှာတော့ ထိုအပင်ကြိတ်ရည်အား သုံးရမှာ ထူးဆန်းသကဲ့သို့ ခံစားလာရတော့သည်။ သားတော်ပြောသွားသည့်အတိုင်းပင် ရက်အတန်ကြာ အသုံးပြုပြီးသောအခါ ကြင်ယာတော်ယန်၏ ဆံသားမှာ ယခင်ကထက် ပိုကောင်းလာပြီး ပိုတောက်ပြောင်လာလျက်ရှိရာ သူမမှာ ဒီရက်ပိုင်းအတွင်း အလွန်စိတ်ချမ်းသာလျက် နန်းတွင်းရှိ အခြားကြင်ယာတော်များနှင့် မကြာခဏ စုဝေးတွေ့ဆုံလျက်ပင်ရှိတော့သည်။ သူမ၏ ပိုမိုလှပလာသော ဆံသားသည်လည်း အခြားကြင်ယာတော်များအကြား တဖြည်းဖြည်း သတိထားမိစရာဖြစ်လာလေတော့သည်။

“ အစ်မတော်၊ အစ်မတော်ရဲ့ ဆံပင်လေးက ပိုပိုပြီး လှလာလိုက်တာ။ ”

ကြင်ယာတော်ယန်၏ ချောမွေ့ပျော့ပျောင်းလှသော ဆံသားများကို လက်ဖြင့် ကိုင်ကြည့်ရင်း အခြားကြင်ယာတော်များမှာ အားကျနေကြလေသည်။

“ အရှင်မင်းကြီးတောင် ဒီရက်ပိုင်းမှာ မိဖုရားခေါင်ကြီးရဲ့ အိပ်ဆောင်ကိုတောင် မသွားပဲ အစ်မတော်ဆီပဲ လာလာနေတာကို မသိတဲ့သူ ဘယ်သူမှ ရှိမယ်တောင်မထင်ဘူး။ ”

သူတို့အားလုံးမှာ မနာလိုအားကျစိတ်အပြည့်ဖြင့် ပြောကြရှာသည်။

“ ‌မင်းသားခြောက်က အစ်မတော်ကို အစွမ်းထက်တဲ့ ခေါင်းလျှော်ရည်တစ်မျိုး ဆက်သလိုက်တယ်လို့ ကြားမိတယ်။ တကယ်ပဲ အဲ့လိုမျိုး ရှိတာလား။”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now