အခန်း၂၇။ မိသားစုညစာစားပွဲ။

98 9 0
                                    

နံနက်ခင်းလေးသည် အေးမြလတ်ဆတ်လျက်ရှိသည်။ လီယင်နှင့် ထုံနျန်တို့လည်း သာယာလှသော နံနက်ခင်းကြောင့် စိတ်ကြည်လင်လန်းဆန်းလျက်ရှိကာ လုပ်ငန်းကိစ္စများကို ဆက်လက်ဆွေးနွေးကြပြီးနောက် လိုအပ်သည့်အမွှေးနံ့သာများစာရင်းကို ထုံနျန့်ဆီ ပေးလိုက်လေသည်။

ထုံနျန်လည်း စာရင်းကိုယူကာ ကျေနပ်စွာ ပြန်သွားသည်။ သူ့စိတ်ထဲတွင်လည်း ဝမ်အန်ကျစ်သည် အမြင်ကျဉ်းပေစွ၊ သတ္တိနည်းပေစွ ဟု တွေးကာ လှောင်ရယ်ရယ်နေတော့သည်။

ထုံနျန်ထွက်သွားပြီးသောအခါ လီခယ့်လည်း စံအိမ်ဆီသို့ရောက်လာပြီး စိတ်မသက်မသာဖြစ်စေရသည့် သတင်းတစ်ခုကိုပါ ယူဆောင်လာခဲ့လေသည်။ ၎င်းမှာ အရှင်မင်းကြီး လီရှစ်မင်သည် ယနေ့ညတွင် ထိုက်ကျိနန်းတော်၌ မိသားစုညစာစားပွဲကျင်းပမည်ဖြစ်ရာ မင်းသား၊ မင်းသမီးများအားလုံး မပျက်မကွက်တက်ရောက်ရမည် ဟူသည့် သတင်းပင် ဖြစ်တော့သည်။

အရိုးသားဆုံး ဝန်ခံရလျှင် လီယင်သည် လီရှစ်မင်ကို မတွေ့ချင်ပေ။ မျက်နှာလိုက်တတ်သော ဖခင်တစ်ယောက်ဖြစ်သည့်အပြင် ယခင်မင်းသားလီယင်၏ မှတ်ဉာဏ်ထဲ၌ ကျန်ရှိနေသော အရှင်မင်းကြီး လီရှစ်မင်၏ပုံရိပ်မှာ အင်မတန်ကြမ်းတမ်းလေရာ အနည်းငယ်လည်း ကြောက်ရွံ့နေမိသည်။

မင်းကြီး၏အမိန့်ကို လွန်ဆန်၍ မရသောကြောင့်ရော မိခင်နှင့်တွေ့ချင်ခြင်းကြောင့်ပါ လီယင်လည်း သွားမည်ဟုစိတ်ပိုင်းဖြတ်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်ကာ လီခယ့်နှင့်အတူ သွားရန်ပြင်လိုက်တော့သည်။ မသွားခင်မှာလည်း အိမ်တော်ထိန်း ကျင်းကို အသစ်ထုတ်ထားသော အရက်အိုး နှစ်အိုး ပြင်ခိုင်းကာ ယူလာခဲ့သည်။ ထို့နောက် အစ်ကိုတော်လီခယ့်နှင့်အတူ မိခင်ဖြစ်သူ ကြင်ယာတော်ယန်ရှိရာ ကျီယွင်အဆောင်တော်သို့ အရင်သွားလိုက်ကြသည်။

“ ညီတော် ခြောက် အခုတလော ငွေတွေအများကြီးရှာနိုင်နေတယ်လို့ သိရတယ်။ ”

လီခယ့်၏ မျက်နှာမှာ ရူးသွပ်နေသကဲ့သို့ ဖြစ်နေသည်။ လီယင်လည်း သတိကြီးကြီးထားကာ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now