အခန်း၈။ အနံ့ဆိုး

133 16 0
                                    

လေလံတင်ခြင်းကို စနစ်တကျဆောင်ရွက်ရန် သင့်တင့်လျောက်ပတ်သည့် အချိန်ကာလတစ်ခုကြာမည်ဆိုသည့်အချက်ကို လီယင်နားလည်သည်။ သူ့ရှေ့မှာ ရှိနေသည်ကလည်း ပစ္စည်းများ၏တန်ဖိုးကို လိုသလို ခြယ်လှယ်နိုင့်သည့်သူများဖြစ်ကြသည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနယ်ပယ်တွင် ကြီးမြတ်လှသော ပုဂ္ဂိုလ်များသာ။ ယခုဈေးခေါ်ထားသည့် သန်း၁၆၀ဆိုသော ပမာဏသည်လည်း လီယင့်အတွက်တော့ အင်မတန်စိတ်ကျေနပ်စရာကောင်းလှသော ပမာဏပင်ဖြစ်ပေသည်။

ထပ်ရောင်းချရန် ပစ္စည်းအတော်များများလည်း ကျန်ရှိနေသေးသည့်အတွက် ဤကိစ္စနှင့် ပတ်သက်၍ လီယင် အချိန်ထပ်မဖြုန်းချင်တော့။ သည်အတိုင်း ကြုံရာကောက်ယူလာခဲ့သော ပစ္စည်းများဖြစ်သည့်အတွက် ရသင့်သလောက်မရပဲ ဆုံးရှုံးနိုင်သည့်ကိစ္စအပေါ်လည်း စိတ်မပူချေ။ ဘယ်အချိန်မဆို ငွေရှာနိုင်နေပြီ မဟုတ်လား။ ထို့ကြောင့် -

“ ကောင်းပြီလေ။ ”

ဆရာနှင့် တာဝန်ခံသူတို့ မျက်နှာများနီမြန်းလာသည်အထိ အငြင်းပွားနေကြတုန်းမှာပဲ လီယင်က ပြောလိုက်သည်။

“ ချက်ချင်းပဲ ငွေချေလိုက်ကြတာပေါ့။ ”

ယွီကျန့်မင်၏ ဆရာဖြစ်သူမှာ ဝေ့ယုံဟွေဆိုသော လူကြီးပင်ဖြစ်သည်။ လီယင်ကတော့ ဝေ့ယုံဟွေကို ကောင်းကောင်းမသိသော်လည်း ဤရှေးဟောင်းပစ္စည်းလောကမှာတော့ ဝေ့ယုံဟွေကို မသိသူမရှိပေ။

ရှေးဟောင်းပစ္စည်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထဲတွင် ဦးဆောင်လျက်ရှိသောပုဂ္ဂိုလ်၊ သန်းပေါင်း ရာ၊ ထောင်ချီ ကြွယ်ဝသော သန်းကြွယ်သူဌေးလည်းဖြစ်သူ ၎င်းသည် ဤလောကထဲတွင် ကျင်လည်လာသည်မှာ သူ့အသက်တမျှ ရှိလေပြီ။ တန်ဖိုးကြီးလှသော ရှေးဟောင်းပစ္စည်းများကိုလည်း သူ့အသက်လို တန်ဖိုးထားသူဖြစ်သည်။

ထို့ကြောင့် ထိုလိုလူနှင့် တွေ့ဆုံရခြင်းမှာ လီယင်ကံကောင်းသည်ဟု ဆိုရမည်။ ဤလောကတွင် နာမည်ဂုဏ်သတင်း ထိပ်တန်းအဆင့်ဖြင့် ရပ်တည်နေသောလူဖြစ်သည့်အတွက် လီယင့်အပေါ် လိမ်ညာလှည့်စားမှာမျိုး တွေးကြည့်စရာတောင် မလိုသည်မဟုတ်လား။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now