အပိုင်း(၅)

382 45 2
                                    

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၅)

ယွမ်ကျိုးက သူ လက်ဝယ်ပိုင်ဆိုင်ထားသော လုပ်ငန်းလိုင်စင်(၂)ခုကို ကြည့်ပြီး စိတ်လှုပ်ရှားသော ခံစားချက်
ဖြစ်ပေါ်မိသည်။

ဤလုပ်ငန်းလိုင်စင်(၂)ခုကို ရယူရန် ကြိုးစားခဲ့၍ နေ့လည်စာငတ်ခဲ့သည့်တိုင် ပျော်ရွှင်နေမိသည်။

ထို့ကြောင့် သူက စားသောက်ဆိုင်ငယ်လေးထဲ ဝင်ရောက်သွားပြီး ကြက်ဥထမင်းကြော်ကို မှာသည်။ အပေါစား စားသောက်ဆိုင်၏ ထိုင်ခုံတွင် ထိုင်ပြီး ယွမ်ကျိုးက သူ့တာဝန်အ‌ခြေအနေ တိုးတက်မှုကို စစ်ဆေးရန် ဖန်သားပြင်ကို တိတ်တဆိတ်ထိလိုက်သည်။

တာဝန်မပြီးမြောက်သေးကြောင်းသာ တွေ့ရှိရသည်။ ထိုစဉ် အခိုက်အတန့် ယွမ်ကျိုး၏ အတွေးထဲ သူ့ကိုပေးအပ်ထား‌သော တာဝန်ကို ပြီးမြောက်ရန် စီးပွားရေးစတင်သင့်သည်ဟု ယူဆမိသည်။

"ဒါက ခင်ဗျား မှာထားတဲ့ ကြက်ဥထမင်းကြော်ပါ။ ဟင်းချိုကိုတော့ အိုးထဲမှာ ကြိုက်သလောက်ယူနိုင်တယ်"

ကြက်ဥထမင်းကြော် ရောက်ရှိလာ၍ ယွမ်ကျိုး၏ အတွေးစ ပြတ်တောက်သွားသည်။

စနစ်က နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော် ချက်ပြုတ်နည်းစနစ်ကို ‌ပေးထား၍ သာမန်ကြက်ဥထမင်းကြော်၏ အရသာကို အရင်မြည်းစမ်းကြည့်သင့်သည်။

သူရှေ့ရောက်နေသော ကြက်ဥထမင်းကြော်သည် အလွန်ရိုးရှင်းသည်။ ဝက်ပေါင်ခြောက်အနည်းငယ်၊မုန်လာဥနီအနည်းငယ်နှင့် ကြက်ဥထမင်းကြော်တိုင်းတွင် မရှိမဖြစ်လိုအပ်‌သော ပါဝင်ပစ္စည်းများနှင့်အတူတူ ကြက်သွန်အချဉ်ပန်းကန်လေးတစ်ခုလည်း ပါဝင်သည်။

ထမင်းကြော်တစ်ဇွန်းကို အလျင်စလို စားလိုက်ပြီးနောက် ယွမ်ကျိုးသည် ကြက်ဥထမင်းကြော်ကို အရသာရှိအောင် မည်သို့ချက်ပြုတ်ရမလဲဟု တွေးကြံနေမိသည်။

"စနစ်က ဆုချထားတဲ့ နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်က Cooking Master Boyရုပ်ရှင်ထဲကလို စားကြည့်လိုက်ရင် အလင်းရောင်တွေ လင်းလက်သွားမှာလား"ဟူ၍ ယွမ်ကျိုးက တိတ်တဆိတ်တွေးနေမိသည်။

အပြန်လမ်းတွင် ယွမ်ကျိုးသည် နံရံကပ်စက္ကူကပ်သော အလုပ်သမားတချို့နှင့် တွေ့ဆုံမိပြီး စတုရန်း ၁မီတာလျှင် ယွမ်၁၈ကျပ်ဖြင့် ဈေးညှိနိုင်ခဲ့သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now