အခန်း(၁၈)

305 33 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၈)

ပုံမှန်စျေးနှုန်းထက် ၅ဆပေးမည်ဆိုလျှင်  တစ်ပွဲလျှင် ယွမ်၁၀၀၀
နီးပါးဖြစ်ပြီး နှစ်ပွဲလျှင် သည် ယွမ်၂၀၀၀ နီးပါး ဖြစ်သွားလိမ့်မည်။ ယွမ်ကျိုးသည် ငွေနှင့်ပတ်သက်‌သော သင်္ချာဘာသာရပ်တွင် ထူးချွန်သည်။

သို့သော်လည်း  ယွမ်ကျိုးက ဟန်ကိုယ့်သည်။

"တောင်းပန်ပါတယ်။ ထမင်းကြော် ထပ်ရောင်းပေးလို့ မရပါဘူး"

"ဟေး မင်းက ဘာသဘောလဲ စျေး ၅ဆ ထပ်တိုးပေးတာတောင် မကျေနပ်နိုင်ဘူးလား"
ဇောင်းဟန်က အငြင်းခံရ၍ မယုံကြည်ဟန်ဖြင့် ယွမ်ကျိုးကို  ဒေါသတကြီး ပြောဆိုသည်။

ယွမ်ကျိုးက နာကျင်သော အမူအရာဖြင့် ဇောင်းဟန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့သည်။ တကယ်တမ်း ယွမ်ကျိုး ဇောင်းဟန်၏ငွေကို ကြည့်နေခြင်း ဖြစ်သည်။ သူ ဆုံးရှုံးနစ်နာခဲ့ရသော ငွေကြေးများကို နှမြောတဿ ဖြစ်မိသည်။ ထို့အပြင် သူက အလကားရ‌နိုင်သော ငွေများကို စွန့်လွှတ်ခဲ့သူ ဖြစ်သည်။

သို့တိုင် စနစ်က ချမှတ်ထားသော စည်းကမ်း ဖြစ်နေ၍ သူ လိုက်နာရမည်။

ယင်ယာ၏ အတွေးထဲ ယွမ်ကျိုးက  ဇောင်းဟန်၏စော်ကားသောအပြုအမူကြောင် ဒေါသထွက်‌နေဟု ထင်နေသည်။ သူမ၏အမြင်တွင် ယွမ်ကျိုးက လူထူးဆန်း ဖြစ်နေသော်လည်း ကြီးမြတ်သော နှလုံးသားရှိသူဟု ခံယူထားသည်။

"သူဌေး ကျွန်မ တောင်းပန်ပါတယ်။ တကယ် စိတ်မကောင်းပါဘူး။ သူ ဒီနေ့ နည်းနည်း စိတ်ပင်ပန်းနေလို့ပါ” ယင်ယာက တခြား ဘာမှမတွေးနေဘဲ ဇောင်းဟန်ကို တံခါးအထိ  ဆွဲ‌ခေါ်ထုတ်လာသည်။

"ယင်ယာ ဘာလို့ အတင်းအပြင်ဘက်ဆွဲခေါ်လာတာလဲ။  ဒီကနေ့ ကုန်ကျစရိတ်ကို ကျွန်‌တော် ရှင်းမှာပါ။ မင်းကို ဗိုက်မပြည့်မချင်း စားခွင့်ပေးမယ်” ဇောင်းဟန် စိတ်ရှုပ်သွားသည်။ သူသည် နောက်ထပ် တစ်ပွဲကို ငွေပိုပေး၍ ဝယ်ချင်သည်။ ဤလောကကြီးထဲ ငွေပုံပေး၍ မရနိုင်သော အရာဝတ္ထု မရှိဟု လက်ခံထားသူဖြစ်သည်။

စည်းကမ်းဟူသော သတ်မှတ်ချက်ကို ဆင်းရဲသာများ လိုက်နာရမည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now