ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၉)
အံ့ဩတုန်လှုပ်နေသော တိုက်ရိုက်ထုတ်လွှင့်သူ မန်မန်က သူ့ပရိသတ်များ၏အကြံပြုချက်အတိုင်း နောက်လှည့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
တုန်တုန်ရီရီအမူအရာဖြင့် သူမက ဦးခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်၊
“ငါ မှားဖတ်မိတာလား”
မန်မန် ထအော်သည်။ သူမက ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ချေ။ သူမ၏မျက်လုံးများကို ပွတ်ပြီးနောက် နောက်တစ်ကြိမ် ထပ်ကြည့်သည်။
ဈေးနှုန်းသတ်မှတ်ချက်က ပြောင်းလဲသွားခြင်း မရှိပေ။ ဝမ်မန်၏မျက်နှာအမူအရာက သရဲမြင်ရသကဲ့သို့ ဖြစ်သွားသည်။
သူမ၏နောက်ဘက်နံရံပေါ်တွင် ဟင်းပွဲဈေးနှုန်းများကို ရှင်းရှင်းလင်းလင်း ရေးသားထားသည်။
ကြက်ဥထမင်းကြော် - ၁၈၈ယွမ်
အစုံလိုက်ကြက်ဥထမင်းကြော် - ၂၈၈ယွမ်
ရှောင်လုံပေါင်း - ၆၆ယွမ်ဈေးနှုန်းသတ်မှတ်ချက်က တရုတ်ယွမ်ငွေဖြစ်ပြီး ယန်းငွေ မဟုတ်ပေ။ ဈေးကြီးလွန်းသော ကြက်ဥထမင်းကြော်ဈေးနှုန်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ တခြားစားသောက်ဆိုင်များတွင် ပွဲ၂၀ ဝယ်စားနိုင်သည်။
ထို့အပြင် ဈေးနှုန်းသတ်မှတ်ချက် ဘေးနားတွင် ကန့်သတ်ချက်များကို ရေးသားထားသေးသည်။
“စားသုံးသူ တစ်ဦးလျှင် တစ်ပွဲသာ မှာယူနိုင်တယ်တဲ့”ဤသည်ကား ရယ်စရာကောင်းသော အခြေအနေဖြစ်သည်။
လူချမ်းသာအားလုံးကို အရူးလုပ်နိုင်မည်ဟု ထင်နေသနည်း။
[မန်မန် မကြောက်နဲ့တော့ ကိုယ့်လက်မောင်းပေါ်မှာ လှဲနေလိုက်ပါ။ ကိုယ် နှစ်သိမ့်ပေးပါ့မယ် ] The Image of South River[မန်မန်၊ မလန့်ပါနဲ့။ မင်း ဝယ်စားနိုင်ပါတယ။ အခုပဲ မင်းကို ကူညီပေးမယ်] Proud Rain of the Southern Palace.
ထိုစကားကိုပြောပြီးနောက် ၎င်းက မန်မန်၏အကောင့်ထဲ ၅၀၀ယွမ် ထည့်ပေးလိုက်သည်။
[ငါ့ပိုက်ဆံကို ယူလိုက်ပါ။ ပြီးရင် ၂ပွဲ ဝယ်စားနော် ]
Proud Rain of the Southern Palace
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...