အပိုင်း(၅၃)

215 32 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၃)

ယွမ်ကျိုးက အခွန်ပေးဆောင်ရာ အစိုးရဌာနမှ ထွက်လာလာချင်း မစ်ရှင်အသစ်ကို လက်ခံရရှိသည်။

သို့သော်ငြားလည်း မစ်ရှင်၏အကြောင်းအရာများက ယွမ်ကျိုးကို မှင်တက်စေသည်။

"စနစ်၊ ဒါက ဘယ်လိုသောက်ကျိုးနည်း မစ်ရှင်မျိုးလဲ" ယွမ်ကျိုးက စိတ်ပျက်အားလျော့စွာဖြင့် ကူကယ်ရာမဲ့ ပြောလိုက်သည်။

စနစ် "ဆိုင်ရှင်က အဆင့်၂ကို ရောက်သွားပြီဆိုတော့ အဆင့်မြှင်တင်ဖို့ အထူးအဆင့်သတ်မှတ်ချက် မစ်ရှင်ကို တရားဝင် ဖွင့်လိုက်ပါပြီ"

[အဆင့်မစ်ရှင်၁] “ဆိုင်ရှင် ဒီကနေ့က စပြီးတော့ သုံးရက် ဆိုင်ပိတ်ထားပေးပါ]

(မစ်ရှင်အညွှန်း: ကျွမ်းကျင်စားဖိုမှူးအဖြစ် ရွေးချယ်ခံရဖို့  အစားအသောက် ခရီးစဉ်လေး ထွက်သင့်တယ်မလား။ သွားကြမယ်။ လူငယ်လေးရေ တစ်လောကလုံး လှည့်ပတ်သွားကြမယ်)

[မစ်ရှင်ဆုလာဘ်] ဖရဲသီးအချိုရည်

“စနစ်၊ ငါက ခရီးသွားရတာ တကယ် မကြိုက်ဘူး" ယွမ်ကျိုးက အလုပ်ကြိုးစားသော လူငယ်လေးအမူအရာဖြင့် ခပ်တန်းတန်း ပြောဆိုသည်။

စနစ်"ဆိုင်ရှင်ရဲ့စွန့်စားလိုတဲ့ခံစားချက်ကို ဖော်ပြထားပြီသားပါ။ ကိုယ့်ဘာသာကိုယ် လိမ်ညာနေဖို့ မကြိုးစားပါနဲ့။ အဆင့်မစ်ရှင်ကို ငြင်းပယ်ခွင့် မရှိပါဘူး"

အခွန်ရုံးအရှေ့မှာ တွေဝေသော အမူအရာဖြင့် မတ်တတ်ရပ်နေခြင်းက ပို၍ထူးဆန်းသည်။ ထို့ကြောင့် ယွမ်ကျိုးက ခြေလှမ်းခပ်သွက်သွက် လှမ်းပြီး တက္ကစီး ငှားရန် ပြင်ဆင်သည်။ လမ်းတစ်လျှောက်တွင် စနစ်နှင့် ငြင်းခုန်ရန်လည်း မမေ့လျော့ခဲ့ပေ။

"စနစ်ရယ်၊ ဒီလိုစွန့်စားမှုမျိုးခိုင်းစေပြီး အပြစ်မပေးပါနဲ့။ ဒီလို သတ်မှတ်ချက်က ခင်ဗျားရဲ့အတွေးသက်သက်လေ"

သို့သော်ငြားလည်း စနစ်က ခွန်းတုံ့မပြန်ခဲ့ပေ။

"ကားဆရာရေ၊ ကျွန်တော်ကို နံပါတ်၁၄ ထောင်ရှီးလမ်း ပို့ပေးပါ"

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now