အခန်း(၂၆)

262 33 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၆)

ယွမ်ကျိုးက ရှောင်လုံပေါင်းများကို ပေါင်းခံအိုးကြီးထဲ စတင်ထည့်လိုက်သည်။ ၈ မိနစ်ခန့်ကြာပြီးနောက် ရှောင်လုံပေါင်းများ အဆင်သင့်ဖြစ်သွားသည်။ ရှောင်လုံပေါင်းများကို  အကျက်လွန်ခြင်းမှ ရှောင်ကြဉ်ရန် နှင့် အပေါ်ယံဖက်ထုပ်အလွှာ တင်းမာ ခြင်း(သို့) အရည်နှင့်အသားများ အပြင်မထွက်စေရန်  အပူချိန်ကို သာမန် အပူချိန်သို့ လျှော့ချပစ်လိုက်သည်။

ထို့နောက် ယွမ်ကျိုး သည် ပေါင်းခံတောင်းတစ်ခုကို ယူလိုက်ပြီး အ၀တ်ဖြူသန့်သန့် ခင်းကာ ရှောင်လုံပေါင်းများကို တင်လိုက်သည်။ ထို့နောက် ပန်းကန်သေးသေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ရှာလကာရည် ထည့်ကာ အရသာမြည်းစမ်းကြည့်ရန် ထိုင်ခုံမှာ ထိုင်လိုက်သည်။

မွှေးကြိုင်ပြီး လန်းဆန်းတက်ကြွစေသော ရနံ့

မနက်စာအတွက် ပေါင်မုန့်တစ်လုံးခန့်သာ စားနိုင်သူသည် ယွမ်ကျိုး၏ရှောင်လုံပေါင်း(ဖက်ထုပ်)ကို သုံးခုခန့်စားနိုင်လိမ့်မည်။ ဤသည်ကား ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

ယွမ်ကျိုး၏လက်တစ်ဖက်က ဝါးတူတစ်စုံကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပန်းကန်ပြားကို ကိုင်ဆောင်ကာ ရှောင်လုံပေါင်းများ ပေါက်ထွက် မသွားအောင် ပန်းကန်ပြားပေါ် ဂရုတစိုက် တင်သည်။ ပေါင်းထားသော ရှောင်လုံပေါင်းများက ပန်းကန်ပြားပေါ်မှာ နေရာအပြည့်ယူသည်။ ယွမ်ကျိုးက ရှောင်လုံပေါင်း(ဖက်ထုပ်)၏ အပေါ်ယံအဖတ်ကို ဝါးတူဖြင့် ‌ဆုတ်ဖြဲလိုက်သောအခါ အသားနှင့် ရောစပ်ထားသော မွေးကြိုင်းသည့်ရနံ့က အခန်းတစ်ခန်းလုံး ပြန့်သွားသည်။

ရှောင်လုံပေါင်း(ဖက်ထုပ်)က ပူနေသေးသော်လည်း ယွမ်ကျိုးက ဖက်ထုပ်ထဲမှ ဟင်းအနှစ်ရည်ကို တစ်ခါတည်း ကုန်အောင် သောက်လိုက်သည်။ သူ့နှုတ်ခမ်း နှင့် လျှာဖျားတွင် လတ်ဆတ်ပြီး အရသာရှိသော အဆီအနှစ်က နစ်မြှုပ်သွားသည်။ ဖက်ထုပ်ထဲမှ ဟင်းအနှစ်များကို ကုန်အောင်သောက်လိုက်စောအခါ ‌အပေါ်ယံ ဖက်ထုပ်အသား ကျန်ခဲ့သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now