အပိုင်း(၇၁)

150 17 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇၁)

“မစိုးရိမ်နဲ့။ မနက်ဖြန် မနက် ငါတို့စောစောထရင် သူဌေးယွမ်လည်း စောစောထရမှာပဲ။ ငါ့မှာ လက်ဖျားခါလောက်တဲ့ အကြံအစည်တစ်ခု ရှိတယ်” လင်းဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“မင်း ဝယ်ကျွေးမှာလား” Tankက ပွင့်လင်းစွာ ပြောသည်။

“ရတယ်လေ အဆင်ပြေတယ်။ ငါဝယ်ကျွေးနိုင်တယ်” လင်းဟုန်က ကူကယ်ရာမဲ့ စကားပြောသည်။

“ဒါဆိုရင် ပြဿနာ မရှိဘူး။ ငါတို့လည်း မနက်စောစောထမယ်” သူ့တခြားသူငယ်ချင်း သုံးယောက်ကလည်း မနက်ဖြန် ထပ်လာရန် သဘောတူကြသည်။

“မင်းက ဘယ်လို အကြံအစည်မျိုး တွေးမိတာလဲ” ယုံကြည်အားကိုးထိုက်သည်ဟုထင်ရသော ကျီလျန်က မေးမြန်းသည်။

“မင်းတို့ မနက်ဖြန် သိရမယ်လေ” လင်းဟုန်က လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် အသေးစိတ်ရှင်းပြရန် အင်တင်တင် ဖြစ်နေသည်။

“ကောင်းပြီလေ” ထို့နောက် ရေဘဝဲက ပခုံးဆက်ခနဲ တွန့်လိုက်ပြီး စောင့်ကြည့်မည့် သဘောကို ပြသသည်။

ယွမ်ကျိုးက အမြင်အာရုံ နှင့် အကြားအာရုံကောင်းမွန်၍ သူတို့ပြောနေသော စကားအားလုံးကို ကြားသည်။ သို့သော်ငြားလည်း သူ့ဘက်က တုံ့ပြန်မည် မဟုတ်ချေ။ ဝူဟိုင်းက တခြားသူများကို စုရုံးပြီး အောက်ထပ်မှာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သည့်တိုင် ယွမ်ကျိုးကို အိပ်မက်မှ လန့်မနိုးစေခဲ့ပေ။

ထို့ကြောင့် ယွမ်ကျိုးက သူတို့ကို အာရုံမစိုက်ခဲ့ပေ။ သူက စိတ်အနှောင့်အယှက် မဖြစ်ဘဲ ဟင်းပွဲများကို ဆက်လက်ပြင်ဆင်သည်။

မနေ့က မနက်ခင်းတည်းက ယွမ်ကျိုး၏စီးပွားရေးက ရုတ်တရက် ဟုန်ဟုန်တောက်ခဲ့သည်။ တချို့သောဖောက်သည်များက ထိုင်ခုံရသော ဖောက်သည်များ ဘေးနားမှာ မတ်တတ်ရပ် စောင့်ဆိုင်းရသည့် အခြေအနေ ဖြစ်သွားသည်။

သူ အလွန်အလုပ်ရှုပ်လာ၍  စားပွဲထိုးခန့်ရန် ရုတ်တရက် တွေးမိသည်။ ယွမ်ကျိုးက တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေခဲ့၍ မနက်ခင်းတုန်းက လင်းဟုန် ပြောခဲ့သော စကားကို ကြားခဲ့သည့်တိုင် မေ့လျော့သွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now