အပိုင်း(၂၂)

274 36 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၂)

'ဒီ‌နှစ်ယောက်က ငါ့ကို ပေါင်းပြီး လိမ်ဖို့ ကြံစည်နေတာလား' ဧည့်သည်မိန်းကလေးသည် ဝူဟိုင်းကို အနည်းငယ် စောင်းငဲ့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ ဝူဟိုင်းက မီနူးရှိ ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀တန် ပိုက်ဆံရွက်(၃)ရွက်ကို ထုတ်ကာ ယွမ်ကျိုးကို ပေးလိုက်သည်။ ယွမ်ကျိုးက ငွေကို လက်ခံယူလိုက်ပြီး ငွေပုံးထဲသို့ ထည့်လိုက်သည်။ ဤငွေသေတ္တာသည် စနစ်မှ ပံ့ပိုးပေးထားသော ပစ္စည်းဖြစ်သည်။ ငွေသားပုံးသည် ပြန်အမ်းငွေ ပေးဆောင်ရန် လိုအပ်ပါက ‌ပြန်အမ်းငွေကို အတိအကျ ပြန်ပေးသည်။ ဤသည်က အမိုက်စား တီထွင်မှု ဖြစ်သည်။

ပုံမှန်အားဖြင့် စနစ်မှ ပေးအပ်ထားသော ငွေသေတ္တာသည် ဆိုင်ပိတ်ချိန်တိုင်း အမြတ်ငွေ ၉၀ရာခိုင်နှုန်းကို ဖယ်ရှားပြီး ၁၀ရာခိုင်နှုန်းကို ယွမ်ကျိုးအတွက် ချန်ရစ်ထားလေ့ရှိသည်။ သို့သော်လည်း ယနေ့မှစ၍ အမြတ်ငွေ ၈၀ရာခိုင်နှုန်းခန့်သာ ဖယ်ရှားပြီး ယွမ်ကျိုးအတွက် ၂၀ရာခိုင်နှုန်း ချန်ရစ်ထားလိမ့်မည်ဖြစ်သည်။ ယွမ်ကျိုး အဆင့်(၁)သို့ ရောက်ရှိသွားသောကြောင့် ၂၀ရာခိုင်နှုန်း အမြတ်ရခြင်း ဖြစ်သည်။

"ခဏစောင့်ပါဦး"

ပြန်အမ်းငွေ ၁၂ယွမ်အား ဝူဟိုင်းအား ပေးပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသွားကာ ထမင်းကြော်ကြော်ရန် ပြင်ဆင်သည်။ 

ကောင်းယင်၏အမြင်တွင် ကြက်ဥထမင်းကြော် ပြင်ဆင်ရန် အချိန်သိပ်မကြာနိုင်ချေ။
သူမ၏ထင်မြင်ယူဆချက်အတိုင်း ကြက်ဥထမင်းကြော် တစ်ပွဲ ပြင်ဆင်မှုသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။ ယွမ်ကျိုးက ကြက်ဥထမင်းကြော်အစုံလိုက်ဟင်းကို ပြင်ဆင်ကာ ဝူဟိုင်းထံသို့
ယူဆောင်လာသည်။

"သူဌေး ကြက်ဥထမင်းကြော်အတွက် အရံဟင်းလျာက နှစ်မျိုးပဲလား" ဝူဟိုင်းက ယွမ်ကျိုးလက်ထဲမှ ဗန်းကို ငေးစိုက်ကြည့်ကာ မေးကြည့်လိုက်သည်။

"မပြောခင် အရင်စားကြည့်ပါဦး" စကားအများကြီးမပြောဘဲ ယွမ်ကျိုးက စားပွဲခုံပေါ် ဗန်းကိုတင်လိုက်ပြီး ပန်းကန်များကို တင်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now