အပိုင်း(၄၂)

219 24 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂)

ယွမ်ကျိုးက ကြွေခွက်အညံ့စားကို ယူလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရန် ပြင်ဆင်သည်။ သူက ဆားဘူးကို ဖွင့်လိုက်ပြီး သူ့အကြိုက်အလိုက် ဆားထည့်ပြီး ပင်လယ်စာဆော့စ်ကိုလည်း အရသာရှိအောင် ထည့်လိုက်သည်။ ထို့နောက် သူကခွက်ကို အောက်ချထားလိုက်ပြီး ခေါက်ဆွဲထည့်သည်။

ယွမ်ကျိုးက ရေစစ်သော ယောက်ချို နှင့် ရှည်လျားသောဝါတူကို ကျင်လည်စွာ အသုံးပြုပြီး  ခေါက်ဆွဲကို ဆယ်ကာ ရေအေးထဲ လျင်မြန်စွာ နှစ်လိုက်သည်
ထို့နောက် ခေါက်ဆွဲများက အမွှေးအကြိုင် ရောစပ်ထားသော ခွက်ထဲပစ်ထည့်လိုက်သည်။

ပွက်ပွက်ဆူနေသော စွပ်ပြုတ်များကို ဇွန်းအပြည့်ခပ်ကာ ခေါက်ဆွဲပေါ် လောင်းချလိုက်သည်။ အပူချိန်မြင့်တက်လာခြင်းကို ချက်ချင်း ခံစားရပြီး မွှေးကြိုင်သောရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသည်။

နှမ်းဆီး တစ်စက် နှစ်စက်ခန့် ထည့်လိုက်သောအခါ မွှေးရနံ့ ပိုသင်းကြိုင်လာပြီး မီးဖိုချောင်ထဲ ပြန့်သွားသည်။

ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို သယ်ဆောင်ကာ သူ့သီးသန့်ခုံမှာ ထိုင်လိုက်သည်။ ပန်ကန်လုံး၏ ၈၀ရာခိုင်နှုန်းခန့်က စွပ်ပြုတ်အရည်ဖြစ်ပြီး ခေါက်ဆွဲ အတော်အတန်ပါသည်။

ယွမ်ကျိုးက ခေါက်ဆွဲထက် ထမင်းကို ပိုနှစ်သက်သည်။ အရွယ်ရောက်အမျိုးသားဖြစ်သော်လည်း ခေါက်ဆွဲ ၅၀ဂရမ်ကိုသာ စားသုံးနိုင်သည်။ ထို့ကြောင့် စားသောက်ဆိုင်မှာ သွားစားတိုင်း ခေါက်ဆွဲ နည်းနည်းပဲ ထည့်ခိုင်း၍ သူဌေးက ထူးဆန်းသော အကြည့်ဖြင့် ကြည့်တတ်သည်။

ယခုတော့ ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို ကိုင်ကာ အားရပါးရ စားသောက်နေသည်။ ဤမြင်ကွင်းကို ကြည့်ရုံဖြင့် သူက ခေါက်ဆွဲ မကြိုက်သူဟု ယုံကြည်ရန် ခက်ခဲသည်။

“တကယ့်ကို အရသာရှိတယ်” ယွမ်ကျိုး ရေရွတ်သည်။

ဟင်းခတ်အမွှေးအကြိုင် နည်းနည်းခန့် ထည့်သုံးထားသော်လည်း ခေါက်ဆွဲပြုတ်က သာမန်ခေါက်ဆွဲစွပ်ပြုတ်ထက် အရသာရှိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now