အပိုင်း(၁၄)

327 38 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၄)

ဤမိန်းမချောလေးက တရုတ်ပြည်တောင်ပိုင်းသူ ဖြစ်သည်။ သူမ၏ နာမည်က ယင်ယာဖြစ်သည်။ သူမသည် စီချွမ် ပြည်နယ်စု၏ ချန်ဒူမြို့မှာ တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားခဲ့ပြီး ဘွဲ့ရရှိသောအခါ ၎င်းမြို့တွင် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့သည်။ သူမသည် ယွမ်ကျိုး၏ စားသောက်ဆိုင် အနောက်ဘက်တွင် ရှိသော စီးပွားရေးဌာန အဆောက်အဦတွင် စစ်ဆေးရေးမှူး၏ လက်ထောက် ရာထူးဖြင့် အလုပ်လုပ်ကိုင်သောကြောင့် တစ်လလျှင် လစာယွမ်သုံးသောင်ခန့်  ရရှိသည်။

သို့သော်လည်း ယနေ့မနက်ခင်းတွင် ယင်ယာက တခြား စစ်ဆေးရေးမှူး၏ လက်ထောက်ကို သတင်းမှားယွင်းစွာ ပို့မိ၍ သူမ၏ အထက်လူကြီး သူမကို ပြင်းထန်စွာ အပြစ်ဆိုသည်။ သူမ၏ ညစ်ညူနေသော စိတ်အခြေအနေ ကောင်းမွန်အောင် အရသာရှိသည့် အစားအသောက် ဝယ်စားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် ယင်ယာသည် ယွမ်ကျိုး၏ ရိုးရှင်းသော ကြက်ဥထမင်းကြော်ကို ၁၈၈ယွမ် ဖြင့် ဝယ်စားလိမ့်မည်။

ယင်ယာက အောက်ဘက်လမ်းတစ်လျှောက် စားသောက်ဆိုင်အားလုံးကို သွားဖူး၍ သူမ၏စိတ်ခံစားမှုကို ကောင်းမွန်စေသော အစားအသောက်အသစ်များကို မြည်းစမ်းရန် စားသောက်ဆိုင်အသစ်ကို ရှာဖွေနေသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်ကို အပြင်ဘက်မှ ကြည့်လိုက်သောအခါ မဆိုးဘူးဟု ခံစားရ၍ ဆိုင်ထဲ ဝင်ရောက်လိုက်စဥ် ရိုးရိုးကြက်ဥထမင်းကြော်ကို ၁၈၈ယွမ်ဖြင့် ရောင်းချ၍ သူမ အံ့အားသင့်သွားသည်။

ယင်ယာက ဈေးကြီးသော အစားအသောက်များကို မစားရန် ကြံရွယ်ထားသော်လည်း ဈေးနှုန်းက သူမ လက်ခံနိုင်သော အခြေအနေ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ စိတ်ခံစားချက် ကောင်းမွန်ရန် အဓိက ဖြစ်၍ ဈေးနှုန်းက သူမအတွက် အရေးမပါချေ။

ယင်းယာသည် ဟင်းချက်ရန် အာရုံစိုက်နေသော သူဌေးကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ၁၈၈ယွမ် ပေးရသော ဈေးနှင့်မတန်လျှင် သူ့သူငယ်ချင်းများနှင့် Wechatတွင် အတင်းတုပ်ရန် အကြံရမိသည်။ ဤစားသောက်ဆိုင်က သူမတို့ အလုပ်နှင့် သိပ်မဝေးကွာချေ။
မတန်တဆ ဈေးတင်ရောင်းသော သူဌေးကို စီးပွားပျက်အောင် လုပ်ပြီး စားသောက်ဆိုင် ပိတ်သွားစေရမည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now