အပိုင်း(၁၂)

295 38 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၂)

ယွမ်ကျိုး  အပိုင်း(၁၂)

စွန်းမင်က ကားမောင်းနေစဉ် bluetoothကို အသုံးပြုပြီး ဖုန်းခေါ်လိုက်သည်။ နေ့ခင်းဖက်ဖြစ်သောကြောင့် လမ်းက အတော်ကလေး လူစည်ကားနေသည်။ ကားလမ်းကြောပိတ်ဆို့မှုကို သတိထားစောင့်ကြည့်ကာ သူ့သူငယ်ချင်းများကို လမ်းညွှန်ပေးနေသည်။ သူက တစ်ပြိုင်နက်တည်း ကိစ္စတော်တော်များများကို လုပ်ဆောင်ခြင်းတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည်။

"မျောက်ကြီး...အရှေ့ဖက်ကိုရောက်ရင် ဘယ်ကွေ့လိုက်။ မင်းတို့၂ယောက်ကို စားသောက်ဆိုင်အပေါက်မှာ စောင့်နေမယ်" စွန်းမင်သည် ယွမ်ကျိုး၏ စားသောက်ဆိုင်အနီးအနားသို့ ရောက်ရှိလာခြင်းကို သတိပြုမိ၍ သူ့သူငယ်ချင်းများကို နောက်ဆုံးအကြိမ် လမ်းညွှန်မှုပေးပြီး ကျဉ်းမြောင်းသောလမ်းလေးထဲ ဂရုတစိုက် မောင်းနှင်လာခဲ့သည်။

"စွန်း...မင်းကို တခုတော့ ပြောမယ်နော်။ မင်း လမ်းညွှန်တဲ့အစားအသောက်က ထင်သလောက် စိတ်ကျေနပ်မှု မပေးနိုင်ရင် မင်း ငါ့ကို အဘိုးလို့ ခေါ်ရမယ်။ စောင့်ကြည့်ရသေးတာပေါ့" ဖုန်း၏တခြားတစ်ဖက်ကမှ အမျိုးသားသည် ကားလမ်းကြောပိတ်ဆို့မှုကြောင့် အလွန်အမင်း စိတ်ပျက်နေသည်။ စွန်းမင် လမ်းညွှန်သော စားသောက်ဆိုင်က အရသာရှိသော ဟင်းလျာများကို ရောင်းချရန် မျှော်လင့်မိသည်။

"အေးဆေးပေါ့။ ငါ့လူရာ။ အလီနဲ့ အတူတူ ဒီနေရာကိုပဲ မြန်မြန်လာခဲ့စမ်းပါ" စွန်းမင်က ကားပါကင်ထိုးလိုက်ပြီး ယွမ်ကျိုးက စားသောက်ဆိုင်တံခါးပေါက်မှာ သူ့ကို စောင့်ကြိုနေခြင်းကို မြင်တွေ့ရသည်။ သူက ယွမ်ကျိုးကို လက်လှမ်းပြလိုက်ပြီး ဖုန်းချလိုက်သည်။ သူ့သူငယ်ချင်း မျောက်ကြီးနှင့်အလီတို့သည် သူလမ်းညွှန်သည့်အတိုင်း ကားကို ဆက်လက်မောင်းနှင်လာသည်။ စွန်းမင်ကို အစားအသောက်QQ groupမှတစ်ဆင့် သိကျွမ်းခဲ့သည်။ Groupထဲမှ အဖွဲ့ဝင်များသည် အနီးအနားရှိ စားကောင်းသော အစားအသောက်များကို အကြံပြုကြပြီး ပါတီပွဲ ကျင်းပရန် မကြာခဏ လူစုလေ့ရှိသည်။ ထို့ကြောင့်လည်း အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမှု ပို၍ တိုးလာသည်။ အရသာရှိသော အစားအသောက်ကောင်းများကို မြည်းစမ်းရလျှင် သူငယ်ချင်းများကို မျှဝေပေးသင့်သည်။ ထို့အပြင် စွန်းမင်က သူငယ်ချင်းများကို ဂျင်းထည့်ရန်လည်း မမေ့လျော့ခဲ့ပေ။ ကြက်ဥထမင်းကြော်၏အရသာက သာမန်ထက် ထူးခြားကောင်းမွန်သော်လည်း သတ်မှတ်ထားသော စည်းမျဥ်းက ကြောက်ခမန်းလိလိပင်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now