အပိုင်း(၅၉)

179 25 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း(၅၉)

တိတ်ဆိတ်ငြိမ်သက်စွာအနားယူပြီးနောက် အရက်မူးနေသော အခြေအနေဖြင့် အိပ်ရာမှ နိုးလာသောအခါ သစ်သားတုံးကြီးလို အိပ်ပျော်ခဲ့မှန်း သူ့ကိုယ်သူ သိသည်။ ထို့နောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်ကြည့်လိုက်သည်။ မနက် ၆နာရီ ၂၀မိနစ်သာ ရှိသေးသည်။

"ရှောင်လုံပေါင်းကို ဒီနေ့ ရောင်းသင့်တယ်" ယွမ်ကျိုးက အိပ်ရာမှ မထခင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ယွမ်ကျိုးက ပုံမှန်အတိုင်း သူ့အင်္ကျီကို ဆောင့်ဆွဲလိုက်သည်။ မနေ့ညက နံ့စော်နေသော အရက်နံ့ နှင့် ချွေးနံ့တို့ ပေါင်းစပ်ပြီး အော်ဂလီဆန်သော အနံ့အသက်များ ထွက်ပေါ်နေသည်။ သူက တစ်ကိုယ်ရည်သုံး ပစ္စည်းများကို သယ်ဆောင်ပြီး ရေချိုးခန်းထဲ ချက်ချင်း သွားသည်။

ယွမ်ကျိုးက ရေပန်းအောက်မှာ မတ်တတ်ရပ်နေပြီး ယခင်လက ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့၍ သူ့လက်ဖျံများ တောင့်တင်းသန်မာလာပြီး သူ့ပခုံးများကလည်း ပိုသန်မာလာသည်။ သူ့ခန္ဓာကိုယ်ပေါ် စီးကျနေသော ရေစက်များက သူ့ကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။

စားသောက်ဆိုင်ကို ၃ရက်တိတိ ပိတ်ခဲ့၍ ဤမနက်ခင်းတွင် ရှောင်လုံပေါင်း ၁၅၀ခန့်  လုပ်ထားရန် ဆုံးဖြတ်ထားသည်။ သူ့မနက်စာအတွက် ရှောင်လုံပေါင်း ၄လုံးစားခဲ့ပြီး စားသုံးသူ ဖောက်သည်များအတွက် ၁၄၆လုံးချန်ထားပေးသည်။

“သူဌေးယွမ်က ဒီနေ့ရော ဆိုင်ဖွင့်ပါ့မလား” အမျိုးသားတစ်ယောက်၏အသံက ဆိုင်ဝင်ပေါက်နားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဆိုင်ဖွင့်မှာပါ။ ဒီနေ့ တံခါးပေါက်မှာ သတိပေးစား မကပ်ထားဘူးလေ။ ဒီနေ့မှ ဆိုင်မဖွင့်ရင်တော့ သူ့ဆိုင်တံခါးကို ရိုက်ချိုးပစ်မယ်။ ငါ့ကို ယုံကြည်ထားလိုက်”
ဝူဟိုင်း၏အသံတွင် မခံမရပ်နိုင် ဒေါသဖြစ်နေသော ခံစားချက်များ ရောယှက်နေသည်။

“ဟုတ်ပါ့။ အခုပြောသလို လုပ်သင့်နေတာ ကြာပြီ”
ဘေးပတ်ဝန်းကျင်မှ ဖောက်သည်များက ဝူဟိုင်းကို စနောက်ကျီစယ်ဟန်ဖြင့် မြှောက်ပေးသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now