အပိုင်း(၇၇)

164 19 0
                                    

ယွမ်ကျိုး  အပိုင်း(၇၇)

တစ်နာရီအတွင်း မုရှောင်ယွမ်၏ အလုပ်ချိန်က အမှန်တကယ် ၁၀ မိနစ်ထက် မပိုခဲ့ချေ။ သူမသည် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်ရန် အသက်မပြည့်သေးသောကြောင့်  ဖောက်သည်များ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးသည်။

အချိန်ပြည့်သည်နှင့် ယွမ်ကျိုးက   သူ့နေ့စဉ် လုပ်ဆောင်ချက်အတိုင်း ဆိုင်ပိတ်ချိန်ကို အသိပေးသည်။
"ဟေ့ ဖောက်သည်တို့ ဆိုင်ပိတ်ပါပြီ။ ဆိုင်ဖွင့်ချိန် ပြည့်သွားပါပြီ"

"ငါတို့သိတယ်၊ ငါတို့သိတယ်။ သူဌေးယွမ်ကို သံလိုက်အိမ်မြှောင်လို့ ခေါ်တာ အံ့သြစရာမရှိပါဘူး။
သူက ငါတို့ကို အပိုချိန် တစ်မိနစ်တောင် မပေးဘူး” ရုံးဝန်ထမ်း ၀တ်စုံကို ဝတ်ထားသော အမျိုးသမီး ဖောက်သည်တစ်ဦးက  ကျီစယ်သော လေသံဖြင့် တိုးတိုးလေးပြောသည်။

“အတိအကျပဲ။ နေ့တိုင်း ဒီအတိုင်းပဲ။ တစ်နာရီက တစ်နာရီတိတိ။ နောက်ထပ်တစ်မိနစ်တောင် အပိုမပေးဖူးဘူး” ၎င်းမိန်းကလေး၏ ဘေးနားမှာ ထိုင်နေသော လူတစ်ယောက်က အော်ဟစ် ပြောလိုက်သည်။

"နောက်တစ်ခေါက် လာအားပေးပါဦး"
ယွမ်ကျိူးက ခပ်မာမာလေသံ
၊ တင်းမာသောအမူအရာဖြင့် ပြောလိုက်သည်။

သာမာန်စားသောက်ဆိုင်က ယခုလို မျက်နှာထား လေသံမျိုးဖြင့် ပြန်ပြောလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယွမ်ကျိုးက သူ့အချက်အပြုတ် ကျွမ်းကျင်မှုကို ယုံကြည်မှု လွန်ကဲ၍ ယခုကဲ့သို့ ယုံယုံကြည်ကြည် ပြုမူရဲခြင်း ဖြစ်သည်။
ဖောက်သည်များ အားလုံး ထွက်သွားပြီးနောက် မုရှောင်ယွမ်သည် အနောက်တွင် နေခဲ့ကာ ယွမ်ကျိုး ကို ဦးညွှတ်ကာ တောင်းပန်စကား ဆိုလေသည်။

"သူဌေး၊ ငါတကယ်တောင်းပန်ပါတယ်"
ယခင်က သူမ၏ စိတ်ထဲတွင် ယွမ်ကျိုးကို လူလိမ်လူကောက် အဖြစ် သတ်မှတ်ကာ သူမကို လုပ်ခလစာ မပေးနိုင်ဟု တွေးခဲ့မိ၍ သူ့စိတ်ထဲ ရှက်နေမိသည်။

"ကိစ္စမရှိပါဘူး။ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပိုအလုပ်ရှုပ်လိမ့်မယ်”
ယွမ်ကျိုးက ၎င်းကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့၍ အဓိကအချက်ကို ပြောလိုက်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now